Unicode
**********
Hi Val ( Short Form Of Valerie )
စပ်ဖြီးဖြီးနှင့် နှုတ်ဆက်သော Isabelle ကို ကြည့်ကာ Valerie သက်ပြင်းချမိသည် ။ Isabelle ကတော့ နှုတ်ဆက်ပြီးတော့ မသိသလိုနှင့် Valerie ၏ ရင်ဘတ်ပေါ်တွင် ခေါင်းတင်ကာ အားရပါးရ ဖက်ထားရင်း မထဘဲနေနေတုန်း ။ ကြာတော့ Valerie စိတ်မရှည်တော့ ။
တဖျတ်ဖျတ် လက်နေသည့် Isabelle ၏ ခန္ဓာကိုယ်မှ ငွေရောင်အလင်းတန်းတွေက မျက်စိစူးလှသည်လေ။ ညအမှောင်ထဲ ခြံထဲက အစောင့်တွေမြင်သွားရင်မကောင်း ။
'ထတော့လေ ဒီအတိုင်း တက်ဖိထားတော့မှာလား'
ငေါက်ငမ်းတယ်လို့ကို ပြောနိုင်လောက်သည့်လေသံ မာမာနှင့် ပြောလိုက်တော့မှ ဖက်ထားရာကနေ လွှတ်ကာ ထထိုင်သည်။ မျက်နှာအနေအထားကတော့ စပ်ဖြီးဖြီးကနေ နည်းနည်းလေးမှ မပြောင်း ။ အလင်းတန်းများကလည်း ထွက်မြဲ ထွက်နေလျက် ။
ဒီကြားထဲ Valerie နားက မခွာဘဲ Valerie ဆံပင်ရှည်တွေကို စိတ်ဝင်တစား ကိုင်ကြည့်ကာ ဆော့ကစားနေသေးသည်။'ဘာလို့ လျှောက်ကိုင်နေတာလဲ သူများဆံပင် .. မကိုင်နဲ့ မကြိုက်ဘူးလို့ ပြောထားတယ်မလား'
'Val ကလည်း နင့်ဆံပင်က အရှည်ကြီး အထူကြီးနဲ့ ပျော့အိနေတာဘဲ ငါ သဘောကျလို့ပါဟ'
ဘယ်လိုပြောပြောကို မနာသော Isabelle ကြောင့် စကားမာမာပြောဖို့ မာန်သွင်းလို့တောင်မရ ။
'ဒါတွေက ဘာတွေလဲ'
ဝရံတာ ကြမ်းပြင်ပေါ်တွင် ကျနေသော ထင်းရှူးပင်ကြီးနှင့် အထုပ်အကြီးကြီးကို ကြည့်ကာမေးလိုက်သည်။ Isabelle က ထင်းရှူးပင်ကြီးကို လက်ဖြင့် မ ကာ ဝရံတာ အစပ်နားတွင် ထောင်ဖို့ လုပ်ရင်း ပြန်ဖြေသည်။
'Christmas သစ်ပင်လုပ်မလို့လေ နင့် အတွက်'
Isabelle ပြောရင်း Valerie ကို သေချာ ကြည့်လိုက်မိသည်။ ညဝတ်အကျီအဖြူဝမ်းဆက် လက်ရှည်နှင့် Valerie က အရမ်းလှသည်။ ခါးထိရှည်သည့် ဆံနွယ် အနီရောင်တွေကို အရမ်းသဘောကျသည်။ ခဲဲပြာရောင် မျက်လုံးစူးစူးတွေကိုလည်း သဘောကျသည်။ အမြဲတမ်း မျက်မှောင်ကုတ်ကာ တည်ငြိမ်ရင့်ကျက်တဲ့ အသွင်ကိုဆောင်နေတတ်တာကိုလည်း Isabelle အရမ်းသဘောကျပါသည်။
YOU ARE READING
Star Love : Forbidden ( Short Story )
FantasyStar Love : Forbidden Spin Off Story Of Star Love Series . This is Christmas Special Extra Short Story From Star Love . Highly recommend to read Star Love (I ) and Star Love ( II ) before you read this . Who knows I might write this as an actual n...