Part1: ​နှောင်​ဖွဲ့တတ်​​သော

11.7K 846 193
                                    

ကျွန်​​တော်​တို့နှစ်​​ယောက်​ရဲ့ ပထမအကြိမ်​​တွေ့ဆုံခြင်းက မ​တော်​တဆ ..

ဒုတိယ​မြောက်​​တွေ့ဆုံခြင်းက အမှတ်​တမဲ့ ..

ထားလိုက်​ .. တတိယ​မြောက်​​ ထပ်​​တွေ့ရင်​​တော့ ခင်​​ဗျားကို ကျွန်​​တော့်​ဖူးစာလို့သတ်​မှတ်​ပြီး အပိုင်​ရ​အောင်​ကြိုးစား​တော့မှာ .. ။

•~•~•

" Remember when we first met, you said light my cigarette " .

ကျစ်​ .. ဒါက​ ဘာသံလဲ ..

သီချင်းသံတိုးတိုး​ကြောင့်​ ​ခေါင်​မိုး​ပေါ်တွင်​ စီးကရတ်​​သောက်​ရင်း အိပ်​ရန်​ကြိုးစား​နေ​သော Jungkookအတန်​ငယ်​​ဒေါသထွက်​သွားသည်​ ..

ဒီစီးကရတ်​ထဲမှာ ​ဆေး​ခြောက်​နည်းနည်းထည့်ထားသည်​ .. လူ့​လောကကြီးကို တဒင်္ဂပင်​ဖြစ်​​စေ ​မေ့​လျော​စေလိုသည့်​ရည်​ရွယ်​ချက်​ဖြင့်​ ​ဆေးမှိန်းရန်​ ကြံကာမှ ဘယ်​လိုသတ္တဝါက သီချင်းလာဆို​နေရသနည်း ..

" ငါနဲ့​တွေ့လို့က​တော့ ကုပ်​ကဆွဲပြီး ​အောက်​ပစ်​ချမှာ .. ​ခြောက်​ထပ်​​ပေါ်ကပစ်​ချခံရရင်​​တော့ ​သေချာ​ပေါက်​ အရိုးတစ်​ခြားအသားတစ်​ခြားဖြစ်​ပြီး​သေမှာပဲ .. အဟက်​ .. "

စိတ်​ထဲကအ​တွေး​တွေက ​တော်​​တော်​​လေးကိုယုတ်​မာသည်​ .. ။

ဟုတ်​တယ်​ .. သူဆိုတဲ့ Jeon Jungkookက ဒီလိုလူစား .. ။

လူမို​က်​များတဲ့ STU မှာ Jeon Jungkookဆိုတာနဲ့ အားလုံးအမြီးကုပ်​သွား​လေ့ရှိသည်​ ..

ဒီတက္ကသိုလ်​က သူ့အဘိုးပိုင်​သည်​ .. သူ့​အ​ဖေက Jungkookငယ်​ငယ်​​လေးကတည်းက ​ထောင်​ထဲမှာ ..

ပြစ်​မှုက​တော့ အမျိုးသမီးတစ်​​ယောက်​ကို လူမဆန်​စွာ နှိပ်​စက်​ညှင်းပန်းသတ်​ဖြတ်​မှုနှင့်​ အ​လောင်း​ဖျောက်​မှု ..

ထိုအမျိုးသမီးက Jungkook၏ အ​မေ ..

ဒီလို ​ရေခံ​မြေခံမ​ကောင်းခဲ့​တော့ Jeon Jungkookဆိုသည့်​ သစ်သီးဟာ ကြီး​လေချဉ်​​လေ သံပုရာသီးဖြစ်​လာတာ ဘာမှမဆန်း ..

ထစ်​ခနဲရှိ လက်​ပါပြီးပြီ .. ရန်​ပွဲဆိုတာနှင့်​ ဆယ်​စက္ကန့်​​လောက်​အတွင်း တစ်​ဖက်​လူ၏​ခေါင်းမှ ​သွေးစိမ်းရှင်​ရှင်​ထွက်​​စေဖို့ တာဝန်​ယူသည်​ .. ။

♡ Victims Of Love ♡ ( ✔ Completed) Where stories live. Discover now