ဥက္ကဌကိုကို အချစ်​တို့ ပေးပါ (၅)

9.7K 1.1K 12
                                    

ပိုင်​​ဝေ​ဝေ့ အ​ပေါ်ယံ သုံးသပ်​ကြည့်​လိုက်​​တော့ မူလ ပိုင်​​ဝေ​ဝေ့ ရဲ့ မိဘနှစ်​ပါးက အရင်​ထဲက ဆုံးပါးသွားတယ်​ဆိုတာ သတိပြုမိလိုက်​တယ်။

အဲ့အချိန်​မှာပဲ ဟန့်​ကျန့်​ယွီသည်​ အပြည်​ပြည်​ ဆိုင်​ရာ ကုမ္ပဏီကြီး၏ ဥက္ကဌ ဖြစ်​လာခဲ့တယ်။ ​​ယခု​တော့ဖြင့်​ မူလပိုင်​​ဝေ​ဝေ့မှာ အားကိုးရာမိဘမရှိတော့တဲ့ မိဘမဲ့ ဖြစ်​လာခဲ့တယ်။ ဟန်​ကျန့်​ယွီက​တော့ ​အောင်​မြင်​တဲ့ စီးပွား​ရေး လုပ်​ငန်းရှင်​ဖြစ်​နေတယ်​ပေါ့။

ဟန်​ကျန့်​ယွီက​ ပိုင်​​ဝေ​ဝေ့နဲ့ အတူကြာကြာ ဆက်​​မ​နေဘဲ ကွာရှင်းပြီး ခွဲ​နေချင်​သည်​မှာ အံ့သြစရာ ​တော့ မရှိ။ ဘာလို့လဲဆို​တော့ ပိုင်​​ဝေ​ဝေ့က ဟန်​ကျန့်​ယွီကို မခြိမ်း​ခြောက်​နိုင်​တော့လို့ပေါ့။ ဒီအချက်​အလက်​​တွေကို ကြည့်​ရင်း ပိုင်​​ဝေ​ဝေ့ ​နောင့်​သွားမိတယ်​။ ဒါ​တွေက ဒီလိုဆိုရင်​ ဟန်​ကျန့်​ယွီရဲ့ အချစ်​ကို တစ်​လအတွင်း ရဖို့ရာ ခက်​ခဲ​နေတော့မှာပဲ။

System၊【တင်း! ဟန်​ကျန့်​ယွီရဲ့ စိတ်​ကြည်​မှု အမှတ်​က အနုတ်​ ၃၀ ဖြစ်​သွားပါပြီ】

ပိုင်​​ဝေ​ဝေ့ ဒါကိုမယုံကြည်​နိုင်​။ "ငါ ဘာမှ​တောင်​ မလုပ်​ရ​သေးဘူး​လေဟာ..." ဘယ်​လိုလုပ်​ သူ့ရဲ့ စိတ်​ကြည်​မှုအမှတ်​က ​ရေလွှတ်​သလို ရုတ်​တရက်​ ကြီး သတိမ​ပေးပဲ ကျသွားနိုင်​ရတာလဲ။

System၊【 ဟန်​ကျန့်​ယွီရဲ့ host အ​ပေါ် အမုန်းက ​တော်​​တော်​ကြီးတယ်​။ ကြည့်​ရတာ host အသက်​ရှူ ​နေတာကိုက မှား​နေတာ ထင်​ပါရဲ့။ ဒီလို ထိုင်​​နေတာ ကြည့်​ရတာလည်း မှား​နေတာပဲ။ host အသက်​ရှင်​​နေတာ မြင်​​နေရတာကိုက အကြီးမားဆုံး အမှားထင်​တယ်​... 】

ပိုင်​​ဝေ​ဝေ့ သူမ နဖူးကို ​ထောက်​လိုက်​တယ်။ ဒီ အမှိုက်​လို system ကို သူမ စိတ်​​ကောင်းနည်းနည်း​လေး​တောင်​ ထားလို့မရ။ ဟန်​ကျန့်​ယွီ သူမကို သ​ဘောကျဖို့ မ​ပြောနဲ့ ..အနည်းဆုံး​တော့ သူ့ရဲ့ စိတ်​ကြည်​မှု ​လျော့သွားဖို့​တော့ သူမ ခွင့်​မပြုနိုင်​ဘူး။ ဒါ​ပေမယ့်​ ကြိုးစားလိုက်​ကာမှ ပိုဆိုးသွား​သေးသည်​။

အိပ်မက်ထဲက ချစ်ရသူ [Book 1]Where stories live. Discover now