ပိုင်ဝေဝေ့ကသေလုမတတ်ဆာလောင်နေတာ။ ဒါကြောင့် သူ မူးဝေလာတော့မှပဲ ဒဏ်ရာရနေတယ်ဆိုတာ သတိထားမိသွားခဲ့တယ်။
ဟန်ကျန့်ယွီက သူမရဲ့သနားစရာကောင်းတဲ့အသွင်အပြင်ကိုကြည့်နေတယ်။သူမအပေါ်အမုန်းတရားကအင်မတန်နက်ရှိုင်းပေမဲ့ ဒီလိုသွေးထွက်လွန်ပြီးသေသွားတာကိုကြည့်မနေနိုင်ဘူး။
သူက ဆေး သေတ္တာဘူးကိုယူပြီးတိတ်တဆိတ်နဲ့ သူမ ဒဏ်ရာကို ကုပေးနေတယ်။
ပိုင်ဝေဝေ့ရဲ့ခြေသလုံးဒဏ်ရာကိုသေချာမကုထားတဲ့အတွက်
တဖြည်းဖြည်းပိုဆိုးလာခဲ့တယ်။ ဟန်ကျန့်ယွီ သူမကို ပတ်တီးစည်းပေးနေတုန်း သူမရဲ့ ပိန်ညှောင်နေတဲ့လက်ကိုကြည့်ပြီးမျက်ခုံးကျုံ့သွားတယ်။သူသွားနေတုန်း အိမ်အကူတွေက ညှင်းပန်းနှိပ်စက်ထားတဲ့ပုံပဲ။
ဘယ်လိုပဲဆိုဆို သူကိုယ်တိုင်က သူမကိုအရမ်းမုန်းနေတော့ အိမ်အကူတွေကလည်း သူမကို ဂရုမစိုက်ပစ်ထားကြမှာသေချာပေါက်ပေါ့။
【 ဟန်ကျန့်ယွီရဲ့စိတ်ကြည်မှုအမှတ်က အနုတ်15ဖြစ်သွားပါပြီ Host အားသွန်ခွန်စိုက် ဆက်ကြိုးစားလိုက်ပါ】
ပိုင်ဝေဝေ့ သူမတွေးသလိုဟန်ကျန့်ယွီက သနားစိတ်ဝင်လာမယ် မထင်မိခဲ့ဘူး။ အခုသေချာပြန်စဉ်းစားတော့ ဒီလူက အေးစက်စက်မျက်နှာပေးသာရှိတာ သာမန်လူလို စာနာစိတ်ရှိသေးတယ်ပေါ့လေ။
တကယ်လို့သာ သူမ သူ့ကိုတွယ်ကပ်မနေရင် တစ်သက်လုံးမုန်းသွားလောက်တယ်။
ပြီးတော့ သူမ အဆာလွန်ပြီးသေခါနီးဖြစ်နေလို့ သူကိုယ်တိုင် သူမလက်ပေါ်ကဒဏ်ရာကို ဂရုစိုက်ပေးတယ်။
တကယ်လို့ခွေးတစ်ကောင်ဆိုရင်တောင် ဟန်ကျန့်ယွီကသနားစိတ်ဝင်ဦးမှာပဲ။
ဒါကြောင့် ကရုဏာစိတ်ကိုလည်း စိတ်ကြည်မှုအမှတ်အဖြစ် ထည့်မှတ်တာဖြစ်တယ်။
ဟန်ကျန့်ယွီ စိတ်တွေကယောက်ကယက်ဖြစ်နေတာတောင် မျက်နှာမှာတော့အပြောင်းအလဲမရှိဘူး။
ဒဏ်ရာကိုသေချာ ကုသပြီးနောက်တော့ ပိုင်ဝေ့ဝေ့ ထမင်းစစားတော့တယ်။ သူမ လောဘတကြီး သဲသဲမဲမဲ စားတော့တယ်။ တကယ်လို့ဖြည်းဖြည်းချင်းစားနေရင် တစ်ယောက်ယောက်ကလုပြေးသွားမဲ့အထာနဲ့ပေါ့။
BẠN ĐANG ĐỌC
အိပ်မက်ထဲက ချစ်ရသူ [Book 1]
Lãng mạn"ငါ အိပ်မက်တစ်ခု မက်ခဲ့တယ်... အတော် အတော့်ကို ရှည်တဲ့ အိပ်မက်... အချစ်ဆိုတဲ့ အရာအကြောင်း အိပ်မက်..." "ငါ့ အိပ်မက်ထဲမှာ အဲ့ဒီ့လူဟာ အတော်အင်အားကြီးတဲ့ နိုင်ငံတစ်ခုတည်ထောင်နိုင်ခဲ့တယ်... ဒါပေမယ့် သူ... ကိုယ့်ကိုယ်ကို အဆုံးစီ...