မဖြစ်နိုင်တဲ့အရာတစ်ခုကို
ဇွတ်တရွတ် ရှေ့တိုးခဲ့တော့
အဆုံးသတ်ကမလှပဘူးပေါ့
ကမ္ဘာတစ်ဖက်စီက လူနှစ်ယောက်
ဘယ်လိုမှပေါင်းစပ်လို့မရတဲ့အခြေအနေ
ကိုယ်ကလည်း မသွားနိုင်သလို
သူကလည်းမလာနိုင်
ကိုယ့်ကိုထားခဲ့တယ်
သူကိုယ့်ကိုတကယ်မကြိုက်ခဲ့ဘူးလား
ကိုယ်ကပဲတဖက်သတ်ကြိုက်ခဲ့တာလား
ထားခဲ့ဖို့စဉ်းစားထားရင် ဘာလို့များ...
ဘာလို့များ ကိုယ်သူ့ကိုကြိုက်တယ်လို့
ဖွင့်ပြောတုန်းက
I also like you လို့ပြောခဲ့ရ
တာလဲ
ဒီအတိုင်းပဲthank youဖြစ်ဖြစ်
ဘာဖြစ်ဖြစ်ပြန်ပြောလိုက်ရောပေါ့
အခုတော့ကိုယ့်မှာ အဲ့စကားလေးတခွန်းကြောင့်
ကမ္ဘာပျက်ရင်တောင်မပျက်နိုင်လောက်တော့မယ့်
အလွမ်းတွေနဲ့
သူကနင်အဆင်ပြေရဲ့လားတဲ့
ငါ့ကြောင့်နင်ခံစားနေရပြီလားတဲ့
ငါအဆင်ပြေပါတယ်လို့ သူ့ကိုပြောခဲ့ပေမယ့်
သိပ်ခံစားတတ်တဲ့ကိုယ်ဟာ
ရင်ထဲမှာအကျယ်ကြီးအော်ငိုခဲ့တယ်
သူ့ကိုအရမ်းသဘောကျတယ်
သူ့ကိုမဆုံးရှုံးချင်ဘူး
သူနဲ့တွေ့ခဲ့တဲ့နေ့တွေကိုမမေ့နိုင်ဘူး
နမ်းခဲ့တဲ့ အနမ်းတွေကိုလည်းမမေ့နိုင်ဘူး
လေသံလေးနဲ့ နားနားကပ်ပြီးပြောခဲ့တဲ့
သူ့စကားတွေကိုလည်းမမေ့နိုင်ဘူး
သူနဲ့ပါတ်သက်တဲ့အရာတွေကိုမမေ့နိုင်ဘူး
ငါခဏတာပျော်ရွှင်ခဲ့ရတဲ့အတွက်ကျေးဇူးပါ
တကယ်ကို အချိန်ခဏလေးဆိုပေမယ့်
ငါ့ဘဝရဲ့အပျော်ရွှင်ရဆုံးအချိန်တွေပါပဲ
ပျော်ရွှင်ခြင်းကိုစောင့်တဲ့နတ်ဘုရားတွေဟာ
ကိုယ့်ကိုကြည့်မရဘူးထင်ပါရဲ့
ကိုယ့်ပျော်ရွှင်ခြင်းတွေဟာ
ဘယ်တုန်းကမှကြာကြာမခံခဲ့ဘူး
ကိုယ်ဟာ ဝမ်းနည်းခြင်းနတ်မင်းရဲ့အချစ်တော်
YOU ARE READING
စာတိုစာစများ
Poesiaလွမ်းတဲ့အကြောင်းတွေ သတိရတဲ့အကြောင်းတွေ မပြောဖြစ်ခဲ့တဲ့စကားတွေ နောင်တတွေ အချစ်တွေ