Part 16

5.7K 354 67
                                    

At Bobby Side,

"Congratulations CEO... "

*CEO????? ဟုတ်သားပဲ ငါ li group ရဲ့ CEO ဖြစ်နေပြီပဲ ဘာလို့ငါမပျော်မိတာလဲ...... အစကတည်းက CEO ရာထူးလိုချင်ခဲ့လို့မှမဟုတ်တာ...... သူလိုချင်တာ Lisa သူ့သဘောနဲ့သူ့ Jennie ဘေးကထွက်သွားဖို့...... အဲ့ဒီတစ်ခုလေးပဲ လိုချင်ခဲ့တာပါ...*

"အေး... ဒါနဲ့ ငါ stalk ခိုင်းထားတဲ့ကိစ္စ ရပ်လိုက်တော့ရပြီ..."

"Lisa ကို stalk ခိုင်းထားတဲ့ကိစ္စလား CEO"

"အေး...ဆက်မလုပ်နဲ့တော့ရပြီ"

"Nae.... ဒါဆိုကျွန်တော်သွားလိုက်ပါအုံးမယ်"

သူ့လုပ်ရက်က Lisa အပေါ်မတရားမှန်းသိပါတယ်...... ဒါပေမယ့်အချစ်နဲ့စစ်မှာမတရားတာမရှိဘူးဆိုတဲ့ ခံယူချက်နဲ့သူဆက်လုပ်ခဲ့တယ်......

Lisa ထိုင်းကိုသူ့အမေကိစ္စနဲ့သွားမှန်းသိပေမယ့် Jennie ကိုမပြောပြတဲ့အပြင် အထင်လွဲအောင်ပင် အခြားကောင်လေးနဲ့တွဲရိုက်ထားတဲ့ပုံတွေပင် ပို့ပေးခဲ့သည်။ အဲ့ကောင်နဲ့ Lisa နဲ့သာမန်ရင်းနှီးတာ သိပေမယ့်လဲပေါ့......

ပြီးတော့ Lisa သူ့အမေရဲ့ Company ကိုဘယ်လိုနည်းနဲ့ဖြစ်ဖြစ်လက်မလွှတ်လောက်ဖူးထင်ပြီး... အပေးအယူလုပ်ခဲ့တယ်...

ဒါပေမယ့် သူထင်တာမှားခဲ့တယ်ဆိုတာ မနေ့ကမှသိလိုက်ရတယ်......

ဒီဇိုင်းပေါက်ကြားအောင်လုပ်ခဲ့တာလဲသူ... Mr Im ဆီရှယ်ယာတောင်းဝယ်ပေမယ့် လုံးဝလက်မခံ......အဲ့တာကြောင့် ဒီဇိုင်းပေါက်ကြားစေပြီး ရှယ်ယာဈေးတွေထိုးကျအောင်လုပ်လိုက်သည်...။အဲ့တော့မှ Mr Im ကရှယ်ယာတွေထုတ်ရောင်းပေးလေသည်...။

Lisa CEO ရာထူးဖြုတ်ချခံရပေမယ့် Company မှာသူမရဲ့ရှယ်ယာအများဆုံးဖြစ်နေတုန်း... အများမဲပေးမှုကြောင့်သာ သူ CEO ဖြစ်ရတာ(သူစည်းရုံးထားရတဲ့လူတွေလဲရှိတာပေါ့)

"ဟူးးး...မတရားဘူးဆိုပေမယ့် nini ကိုပိုင်ဆိုင်ချင်လို့ oppa လုပ်ခဲ့တာပါ... Nini လမ်းခွဲခဲ့တုန်းက အသာတကြည်လက်ခံပေးခဲ့တာကလည်း ရှေ့နှစ်လှမ်းတိုးဖို့ နောက်တစ်လှမ်းဆုတ်တဲ့သဘောပါ..."

*တောင်းပန်ပါတယ် Lisa..... *

>>>

Nini့ တိုက်ခန်းနဲ့အနီးဆုံး Hotel မှာပဲ Lisa နေဲဖြစ်သွားသည်...။ အခုချိန် nini စိတ်ဆိုးနေပေမယ့် နောက်သေချာရှင်းပြရင်နားလည်မှာပါ... ပြီးတော့ nini စိတ်ဆိုးပြေရင် တစ်ခါတည်းလက်ထပ်ခွင့်ပါတောင်းမယ်ဆိုပြီး တွေးထားလိုက်သည်...။

ပိုင်ဆိုင်ခွင့်လေးWhere stories live. Discover now