"Lisa ငါ Ella လေးကို ငါ့အိမ်ခေါ်သွားချင်လို့ ရမလား..."
Ella ကိုကျောင်းသွားကြိုရင်း အပြန်မှာ chaeyoung ကိုတွေ့တော့လအိမ်လိုက်လည်ချင်တယ်ဆိုလို့ခေါ်လာတာ...
အိမ်ရောက်တော့လည်း အငြိမ်မနေ...ကလေးနဲ့ပြိုင်ဆော့ ဆော့လို့မောရင် Jennie ပြင်ပေးတဲ့မုန့်လေးစားလိုက်နဲ့ တစ်ညနေလုံး အဆက်ပြေနေလေရဲ့...အခုလည်းမှောင်လို့အိမ်ပြန်မှာကို Ella လေးကိုခေါ်သွားလို့ရမလားဆိုတော့ ဘယ်လိုပြောရမှာလဲ......
"ဟမ်...ဘယ်လိုပြောလိုက်တယ်... တစ်ညနေလုံးဆော့နေတာတောင်အားမရဘူးလား နင်ကလဲ"
"ဟုတ်သားပဲ chaeng"
လိမ္မော်သီးပန်းကန်ကိုစားပွဲပေါချပေးရင်း Lisa စကားကို Jennie ထောက်ခံလိုက်သည်...။
*အမလေးလေး ညီနေလိုက်ကြတာ သူများကအောင်သွယ်ပေးမလို့ကို မသိကျဘူး*
Chaeyoung ဒီကိုလိုက်လာတာ အကြံနဲ့လိုက်လာခြင်းဖြစ်သည်...။ သူမ ဝိုင်တွေပါဝယ်လာသည်...။ အဓိက က jenLisa သောက်ဖို့... ပြီးတော့ Lisa ထဲထည့်ဖို့ဆေးမုန့် နည်းနည်းထည့်လာသေးသည်...။(ဘာဆေးမုန့်လဲတော့ ကိုယ်လဲမသိ😅)
ပို့မယ့်ပို့ အဆုံးထိရောက်အောင်တော့ပို့ရတော့မှာပေါ့......
Jennie လည်ပင်းက အမှတ်တွေပိုမြင်ပြီးနောက် သူမအကြံပိုခိုင်မာသွားသည်...။"အဟမ်း...လုပ်ပါနင်တို့ကလဲ ငါ့မေမေတို့နဲ့ မိတ်ဆက်ပေးချင်လို့ပါ...ဒီတစ်ညပဲလေနော်"
JenLisa ညားမယ့်အရေး Chaeyoung အရေးလို့သဘောထားပြီး မျက်နှာငယ်လေးနဲ့တောင်းဆိုလိုက်သည်...။
"ခဏနေအုံး Ella လေးကိုမေးကြည့်လိုက်အုံးမယ်..."
Lisa Ella လေးဖက်လှည့်လိုက်ပြီး ...
"သမီး chaeng အိမ်ဒီညလိုက်အိပ်ချင်လား..."
Lisa တို့က living room မှာထိုင်နေကြတာပါ... JenLisa ကနှစ်ယောက်အတူထိုင်ပြီး... Chaeng က Lisa တို့ရဲ့မျက်နှာချင်းဆိုင်မှာထိုင်သည်...။ Ella လေးကတော့ Lisa တို့ရဲ့မျက်စောင်းထိုးခုံမှာ တစ်ယောက်တည်း game ထိုင်ဆော့နေသည်...။
"ဟုတ်...လိုက်ချင်တယ် မာမီ..."
"တွေ့လား ကလေးကငါ့ကိုချစ်ပါတယ်ဆို..."