Part - 2

4.5K 297 4
                                    

Zawgyi

ကင်းနန္ဒ ဘားမှာ သူငယ်ချင်း နှစ်ယောက်ကို စောင့်ရင်း ဝိုင် ထိုင်သောက်နေသည်။ စိတ်ထဲမှာလဲ စွာစိမ အကြောင်း တွေးရင်းပေါ့....

'King'

'မြတ်ဖုန်း ရောက်ပြီလား'

'အေးကွ တစ်ယောက်တည်း ဘာတွေတွေးနေတာလဲ'

'မတွေးပါဘူးကွာ ဟိုကောင် သတိုး ရော...'

'လာလိမ့်မယ်ကွ သူ့ex နဲ့ ဇယားရှုပ်နေလို့'

'Hkk hkk ဖြစ်ရမယ် ဒီကောင်ကတော့'

'သောက်လေ...'

ကင်းနန္ဒ သူသောက်နေတဲ့ ဝိုင်ပုလင်းထဲမှ မြတ်ဖုန်း ကို ငဲ့ပေးလိုက်သည်။
ခဏကြာတော့ သတိုး ရောက်လာပါတော့သည်။

'ဟူး...မောတယ်ကွာ...တော် တော်...နောက်ခါ အေမီလို မိန်းမ မျိုးနဲ့ မပတ်သက်တာ ကောင်းမယ်'

'မင်းပဲ ချောလှပါချည်ရဲ့ဆို...'

'အေးကွာ ချောတာက ချောတာပေါ့ ကြည့်ရင်း ကြည့်ရင်း မိတ်ကပ်တွေ ခွာချလို့ ရတဲ့ မျက်နှာကြီး...ကြာတော့ စိတ်ကုန်လာပြီ'

သတိုး ပြောမှ ကင်းနန္ဒ စွာစိမ အကြောင်း သွားသတိရမိသည်။ စွာတာလဲ လွန်ရော...ရုပ်ကလေးကတော့ မိတ်ကပ်မပါရင်တောင် လှနေတာမျိုး😍...

'King ရေ ငြိမ်လှချည်လား'

'အေး ငါ့ရင်ထဲ ထိသွားတဲ့ ကောင်မလေး အကြောင်းတွေးနေတာကွ'

'အလဲ့ တယ်ဟုတ်ပါလား
ငါ့ သူငယ်ချင်း အဲ့လို ပြောတဲ့သူဆို ရှားမှရှားပဲ
ပြောစမ်းပါဦး တော်တော်မှ လှရဲ့လား'

'လှတာထက် ရိုးသားပြီး ချစ်ဖို့ကောင်းတယ်လို့ ပြောရင် ပိုမှန်မယ်ကွ
စွာတာကလဲ လွန်ရော
ငါ့ကိုတောင် ပြန်အော်သွားတာ 😂'

'ဟေ့ကောင် မင်း တကယ်ကြီးကြွေနေတာလား'

'အေး ခုမှ တစ်ခါပဲ တွေ့ဖူးသေးတာ ငါတို့ကျောင်းကပဲ
နောက်တစ်ခါ တွေ့ရင် မင်းတို့ကို ပြမယ်ကွာ'

'မြင်ဖူးချင်ပြီဟ...'

တစ်ကယ်လဲ သူတို့ နှစ်ယောက် အပြင်မှာ ထပ်ဆုံကြပါသည်။
ဆုံပုံကတော့ ကောင်းသောဆုံခြင်း မဟုတ်....

သံစဥ်ချစ်သူ 🎼 (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ