Part - 10 (Final)

5.7K 280 9
                                    

Zawgyi

ဒီနေ့ ဝိုင်တို့ အိမ်ပြန်ရောက်ကြတာ ဖြစ်သည်။ Kingရဲ့ အဖေနဲ့ အမေက နေဖို့ အိမ်တစ်လုံး သီးသန့်ပေးထား၍ ထိုအိမ်မှာပင် နေကြရသည်။

'မမလေး...အခန်းက ဒီဘက်ပါ'

'အင်း...အထုပ်တွေ အောက်မှာ ကျန်သေးတယ်နော်'

'ဟုတ် မမလေး..'

ဝိုင် အိပ်ခန်းထဲ ဝင်ပြီး အိပ်ရာပေါ် ပက်လက်လန်ကာ လှဲချလိုက်သည်။

'ဟူး...'

'ပင်ပန်းနေပြီလား ဝိုင်...'

ူKingက အခန်းထဲ ဝင်လာပြီး မေးလိုက်ခြင်း ဖြစ်လေသည်။

'အင်း...နည်းနည်းပါ...'

'ကိုယ့်ကို ထပ်ပြောပါဦး...'

'ဘာကိုလဲ...'

'ဟိုနေ့က ပြောတာ...'

'ပြောပါဘူး...ရေသွားချိုးတော့မယ်..'

အိပ်ရာမှ အတင်းထပြီး ရေချိုးခန်းထဲ ဝင်သွားသော ဝိုင့်ကို ကြည့်ပြီး
ဒါလေး ပြောရမှာကို တွန့်တိုနေလိုက်တာ ဝိုင်ရယ်..😂😂

🎵🎵🎵

'သမီးရေ...သံစဉ်ဝိုင်'

'ရှင် တီချယ်...'

'ဒီမှာ piano ပြိုင်ပွဲ ကြော်ငြာ...November လထဲမှာ ရှိတယ်'

'ဟုတ်လား...ဝိုင် ဝင်ပြိုင်ချင်တယ်'

'ပြိုင်ရမှာပေါ့ သမီးက class ထဲမှာ အတော်ဆုံးပဲကို...'

'ဟုတ်...'

'တီချယ် ပြင်ဆင်စရာရှိတာတွေကို ပြောပြပေးမယ် ဒီအတောအတွင်းမှာ သေသေချာချာလေ့ကျင့်ထားပါ...ဒီပွဲက အရေးကြီးတယ် နိုင်ခဲ့ရင် နိုင်ငံကိုယ်စားပြုအနေနဲ့ သွားပြိုင်လို့ရပြီ'

'ဟုတ် တီချယ် ဝိုင် ကြိုးစားပါ့မယ်'

🎵🎵🎵

ဝိုင့် လက်ချောင်းလေးတွေ piano ပေါ်မှာ ပြေးလွှားနေသည်။ သံစဉ် ငြိမ့်ငြိမ့်ငြောင်းငြောင်းလေး ထွက်ပေါ်နေပြီ နစ်မြောချင်စရာ ကောင်းလှလေသည်။ King ဝိုင့်ကို စကားပြောမလို့ ဝင်လာရမှ လေ့ကျင့်နေသော ဝိုင့်ကို တွေ့ပြီး တံခါးပေါင်ကို မှီပြီး ရပ်ကြည့်နေလေသည်။ တစ်ပုဒ်ပြီးသွားတော့မှ...

သံစဥ်ချစ်သူ 🎼 (Completed)Where stories live. Discover now