With Unicode....
ခမ်းနားကြီးကျယ်လွန်းလှတဲ့အိမ်ကြီးတစ်အိမ်ရှေ့သူဆိုက်ရောက်လာခဲ့သည်....။
လက်ထဲတွင်ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည့်လိပ်စာလေးကို နောက်တစ်ကြိမ်ဖြန့်၍ကြည့်လိုက်မိသည်......။
သေချာပါသည်.....။
အတည်ပြုပြီးနောက်မှာတော့လူခေါ်ခေါင်းလောင်းခလုတ်လေးကိုသူဖိနှိပ်လိုက်တော့သည်.....။
"ဘယ်သူပါလဲ"
အိမ်အတွင်းမှထွက်ပေါ်လာသည့်မိနိးကလေးတစ်ယောက်၏အသံ.....။
"Lee Min Seokရဲ့တူJeon Jung Kookပါ"
ဦးေလးပြောခိုင်းထားသလိုပင်လျင်မြန်စွာသူပြန်ဖြေလိုက်မိသည်......။
အိမ်မှန်နေရာမှန်ဖြစ်ပြီးအိမ်ထဲအမြန်ဝင်ရဖို့သာသူဆုတောင်းနေမိသည်မှာအမှန်.....။
တစ်ခါမှမရောက်ဖူးသည့်နေရာမို့ အိမ်ကိုရှာရသည်မှာသူအတော်ပင်ပန်းလှသည့်အတွက်ဗိုက်လည်းအမှန်တကယ်ဆာနေလေပြီ.....။
သူ့့ဘဝသည်ငယ်ငယ်လေးထဲကအဖေရောအမေရောမရှိတော့ဘဲအဖိုးနှင့်သာနေခဲ့ရသည်...။
Busanမြို့၏ တစ်ထောင့်တစ်နေရာ ကအိမ်ငယ်လေးတွင်အဖိုးနှင့်နှစ်ယောက်အတူ နေခဲ့ရသည့်ဘဝသည်မပြည့်စုံသော်လည်း အေးချမ်းလှသည်....။
သို့ပေမယ့် ကံကြမ္မာငင်လေတော့ မကြာသေးမီကပင် အဖိုးဖြစ်သူသည် လောကအလယ်တွင်သူ့ကိုတစ်ယောက်တည်းချန်ရစ်ကာ ထွက်သွားခဲ့ပြီးလေပြီ.....။
တစ်ယောက်တည်းခိုကိုးရာမဲ့ဖြစ်နေစဉ်မှာ တစ်ခါမှမတွေ့ဖူးခဲ့သည့်အမေ၏အစ်ကိုဖြစ်သူနှင့်အဆက်အသွယ်ရခဲ့ပြီးနောက်ဆုံးဖြတ်ချက်တစ်ခုချကာ ဦးလေးအလုပ်လုပ်နေသည်ဆိုသည့်နေရာကိုအရဲစွန့်၍လိုက်လာခဲ့ခြင်းဖြစ်လေသည်.....။
"ခဏလေးစောင့်ပါ...."
"ဟုတ်ကဲ့ ခင်ဗျ..."
တစ်ခဏစောင့်ပြီးနောက်တွင်မျက်စိရှေ့ကခြံတံခါးသည်ချောက်ခနဲမြည်သံနှင့်အတူပွင့်လာခဲ့မို့ သူပျော်မိသွားသည်....။
YOU ARE READING
အမုန်းမြစ်ဖျားခံသော မြတ်နိုးခြင်းလင်္ကာ[Completed]
Fanfictionအမုန်း.... အတ္တ..... မာန......တွေအထပ်ထပ်နဲ့ချည်နှောင်ထားတဲ့ခင်ဗျားနဲ့ကျွန်တော် ချစ်မိတဲ့သူကအရှုံးပဲနော်....သခင် Zawgyi အမုန်း.. အတ္တ..... မာန.........တွေအထပ်ထပ်နဲ့ချည်နှောင်ထားတဲ့ခင်ဗျားနဲ့ကျွန်တော် ...