သခင်​[23]

10.6K 995 69
                                    

With Zawgyi.....

ချစ်​တယ်​......။

ဘာအတွက်​​ကြောင့်​ချစ်​တယ်​ဆိုတာမသိပါဘဲနှင့်​ အ​ကြောင်းပြချက်​မဲ့စွာ ခင်​ဗျားကိုကျွန်​​တော်​မြတ်​နိုးမိတယ်​....သခင်​....။

        Look at me now~~
         I'm falling~~

       Can't even talk still stuttering~
     This ground of mine keep shaking~

_______________သခင်​________________

လည်​​ချောင်းထဲ၌ကွဲအက်​​ခြောက်​ကပ်​မှုနှင့်​အတူ ​ရေငတ်​ခြင်း​ဝေဒနာကိုခံစားလိုက်​ရသည်​......။

"အင်း...."

သူတစ်​ချက်​ညည်း လိုက်​မိရင်း ကျိန်းစက်​​နေသည့်​မျက်​လုံးအစုံကိုဖြည်းညင်းစွာဖွင့်​လိုက်​​တော့ အဖြူ​ရောင်​မျက်​နှာကျက်​တစ်​ခု.......။

မဲ့ပြုံး​လေးတစ်​ခု သူ့နှုတ်​ခမ်းထက်​တွဲခိုသွားခဲ့သည်​.....။

မ​သေဘူးပဲ.....။

အားမရှိမှု​ကြောင့်​​လေးလံ​နေသည့်​​ခေါင်းကို တစ်​ဖက်​​စောင်းငဲ့ကာကြည့်​လိုက်​​တော့ ကုတင်​ထက်​​ခေါင်းတင်​ပြီး​မှေးစက်​​နေသည့်​သူကို​တွေ့လိုက်​ရသည်​......။

အိပ်​​ပျော်​​နေ​သော်​ငြားလည်း Tae Hyung ထွက်​​ပြေးသွားမှာစိုးသည့်​အလား သူ့ရဲ့လက်​​တွေကိုတင်းတင်းကြပ်​ကြပ်​ဆုပ်​ကိုင်​ထား​လေသည်​......။

မ​ကောင်းတဲ့​ကောင်​.....။ ဒီလိုဖြစ်​ရတာဘယ်​သူ့​ကြောင့်​မို့လို့လဲ.....။

ရေအရမ်းဆာလာတာမို့ အကိုင်​ခံထားရသည့်​လက်​ကို လွတ်​​မြောက်​​အောင်​ရုန်း​နေ​သော်​လည်းအချည်းနှီး.....။

"Jung Kook.....Jung Kook....ထ​တော့..."

ကျစ်​....။ Tae Hyungစိတ်​သိပ်​မရှည်​ချင်​​တော့....။

ဒါလားလူနာ​စောင့်​.....။ အ​မော​ဖောက်​​နေတဲ့လူနာသာဆို ဒင်းလက်​ထဲတင်​အသက်​သာထွက်​သွားလိမ့်​မယ်​....နိုးမည့်​ပုံမ​ပေါ်......။

"Jeon Jung Kook....အရူး​ကောင်​....ထဆို..."

ရှိသမျှအား​တွေအကုန်​စုပြီး ​အော်​နိုးလိုက်​တဲ့အခါမှသာ တအင်းအင်းတအဲအဲနှင့်​ နိုးလာခဲ့​တော့သည်​.....။

အမုန်းမြစ်ဖျားခံသော မြတ်နိုးခြင်းလင်္ကာ[Completed]Where stories live. Discover now