ပေါ့ပေါ့ပါးပါး ရှင်သန်နေတဲ့ လူတွေ တွေ့တဲ့အခါ ကိုယ့်မှာ ဘယ်လိုအဓိပ္ပါယ် တပ်ရမယ်မှန်းမသိတဲ့ အပြုံးတခု ပြုံးမိတယ်။
အဲ့လိုလူတွေကို ကိုယ် သိပ် အားကျမိတယ်လေ။
Rich Kid မဟုတ်ခဲ့တဲ့ ကိုယ့်အတွက် အားကျတဲ့အခါတိုင်း ကိုယ် လုပ်နေတဲ့ အလုပ်တွေ၊ ကိုယ်ကြိုးစားနေတဲ့အရာတွေကို ထပ်ထပ်ပြီး ကြိုးစားဖို့ပဲ ကိုယ့်မယ် တတ်နိုင်တယ်။တခါတလေကျ ကိုယ် အရမ်း ပင်ပန်းတယ်လို့ ခံစားရတယ်။ ကိုယ့်ကိုယ်ကို အလုပ်ထဲ စိတ်နှစ်တယ်။
ပိုက်ဆံ ပိုက်ဆံ
ကိုယ့်ကို ကြိမ်နဲ့ တို့ခိုင်းနေသလို...
ပိုက်ဆံဆိုတာကို ရှာဖို့ပဲ ကိုယ့်အတွက် အရေးကြီးဆုံး ဖြစ်လာခဲ့တယ်။စက်ရုပ်တရုပ်လိုပဲ!
ကိုယ့်အတွေးတွေ ကိုယ့်စိတ်ကူးတွေကလဲ သံမဏိ ဆန်လာတယ်။
ကိုယ်လဲ ပျော်ချင်ပါတယ်...သူတို့တွေလို!
ကိုယ်လဲ ကဲချင်ပါတယ်... သူတို့တွေလို!
ကိုယ်လဲ ဘာအပူအပင်မှ မရှိဘဲ
ဘာစိတ်ရှုပ်စရာမှ မရှိဘဲ
ဘာတွေးတောစရာမှ မရှိဘဲ
လူငယ်ဆန်ဆန် နေချင်ပါတယ်။ဒါပေမယ့် ကိုယ် ဖြစ်မလာခဲ့ဖူး!
ကိုယ် အဲ့လိုတွေ နေလို့မရသေးဖူး..
ကိုယ့် ရည်မှန်းချက် ရှိသေးတယ်
ကိုယ် အဲ့လိုတွေ နေလို့ မဖြစ်သေးဖူး..
ကိုယ့် target လေး ရှိသေးတယ်
ဒီစိတ်တွေနဲ့ပဲ ကိုယ်က ကိုယ့်ကိုယ်ကို အကျဉ်းချရင်း နေမိတဲ့လူပေါ့!"မိန်းကလေးတစ်ယောက်ရဲ့ လက်လှလှလေးတွေက သူနေထိုင်တဲ့ကမ္ဘာကို
ပြသသတဲ့"ကိုယ့်မှာ အလန့်တကြားပဲ ကိုယ့်လက်သည်းတွေကိုကြည့်လိုက်တော့ ဟိုအရင်အချိန်တွေကလို လက်သည်း ရှည်ရှည်ကြည်ကြည်လေးတွေပေါ်မှာ ပုံဖော်ထားတဲ့ Design အစုံ တင်ထားတဲ့ လက်လှလှလေး မဟုတ်တော့ဖူး။
အဲ့ဒီ့အစား လက်သဲခပ်တိုတိုတိတိကို အဖြူရောင် ပလိန်းထားထားတဲ့ လက်ရှင်းရှင်း တခု ဖြစ်နေပြီ။ဒီလက်တွေက ကိုယ်နေထိုင်ရာ ကမ္ဘာကို ပြသ သတဲ့လား? ကြမ်းရော်ခြင်းတွေပဲ ရှိတဲ့ ကမ္ဘာ!
ကိုယ့်ဘဝကို လျှောက်တော့မယ် ဆိုကတည်းက သူများကို အားမကိုးချင်တဲ့ မာနနဲ့ ကိုယ်က အလုပ်တွေ ပိုလုပ်ခဲ့တယ်။
အကြိမ်ကြိမ် လဲကျတာတွေလဲ ရှိရဲ့!
Suicide လုပ်ပစ်ချင်စိတ် ပေါက်လောက်အောင် ကျဆုံးမှုတွေလဲ ရှိရဲ့!
နောက်ကျောက ထိုးတဲ့ ဓါးတွေလဲ ရှိရဲ့ပဲ!
အဲ့လောက်ထိ ဒုက္ခတွေ များခဲ့ပေမယ့် ငိုလိုက် မာန်တင်းပြီး ဆက်လုပ်လိုက်နဲ့ အခြေနေလေး တခုကို ကိုယ်ရောက်ခဲ့ရတာ...ကိုယ် ဘာလို့များ လွယ်ကူတဲ့ လမ်းတွေကို မရွေးချယ်ခဲ့ရတာလဲ?
ကိုယ် ဘာလို့များ အေးအေးချမ်းချမ်း နေရမယ့် ဘဝကို မလျှောက်ခဲ့ရတာလဲ?
ကိုယ့်မာနနဲ့ကိုယ်မို့ပဲဆိုပြီး မချိပြုံးလေးနဲ့ အားတင်းနေရတဲ့ကိုယ်က ...
လက်သည်းလှလှလေးတွေကို တွေ့မိတဲ့အခါ..
နုနုရွရွမိန်းကလေးတွေကို တွေ့မိတဲ့အခါ
ကံကောင်းလိုက်တာ..
ကံကောင်းပြီး ချစ်စရာကောင်းလိုက်တာလို့
စိတ်ထဲက အားကျရုံပဲ တတ်နိုင်တယ်။
YOU ARE READING
Silent Darkness
De Todo"မိန်းကလေးတစ်ယောက်ရဲ့ လက်လှလှလေးတွေက သူနေထိုင်တဲ့ကမ္ဘာကို ပြသသတဲ့"