ဘာလိုလိုနဲ့ဆောင်းကုန်တော့မယ်အမေ
ကျန်တဲ့အချိန်ဆို
အိမ်ကိုယောင်လို့တောင်သတိမရတဲ့ဒီကောင်က
သစ်ရွက်အိုတွေပြိုတဲ့ရာသီရောက်ရင်
သူတို့နဲ့အပြိုင်ငိုမိရတာပဲ။တစ်နှစ်ပတ်လုံးစောက်သည်းမာသမျှ
တမာရွက်နုတွေမြင်မှ ရူးချင်ချင်နဲ့
ခုပဲ အမေ့ဆီထပြေးလာရမလိုလို။ရိုးပြတ်နံ့တွေ
ကျွန်းရွက်ခြောက်တွေ
အရိုးပြိုင်းပြိုင်းဆည်းဆာတွေ...
မမြင်ချင်ယောင်ဆောင်ထားတဲ့လက်ပံပွင့်တွေ..
သြော်..လွမ်းတဲ့စိတ်က နဖားကြိုးတပ်မနိုင်ဘူးအမေ။ဒီမှာမနက်ငါးနာရီတွန်တဲ့ကြက်တွေကိုလည်း
သိပ်မျက်နှာကြောမတည့်လှဘူးအမေ..
အမေ့ဆူဆဲသံမှမဟုတ်ရင်
ဘယ်နှိုးစက်ကမှ ကြည်ဖြူ ချင်စရာမရှိဘူး
ဝန်ခံရရင် မြခနောက်ရဲ့နေထွက်ချိန်ထက်
အရှေ့ရိုးမကနေ၀န်းနီကို ပိုတပ်မက်တာ!
ခုတော့
အိမ်ကိုပြန်လာလို့မရသေးတာမို့
ဆက်ပြီးစောင့်မျှော်နေစေချင်တယ်အမေ။