Midnight Thoughts 4

4 1 0
                                    

ငယ်က မလှဘူး
ယုန်သွားလေးနဲ့
ချောင်ကျနေတဲ့ပါးမို့ပေါ်မှာ မှဲ့သေးသေးလေးနဲ့
ဘာမှလည်းအလှကြီးလှမနေတဲ့ လူ့ဗလံကလေး
ကိုယ့်တစ်ယောက်တည်းမှကွက်ပြီး
ပြုစားတတ်တဲ့ကဝေလေး
'ဟုတ်ကဲ့'တစ်လုံးလက်ကိုင်သုံးတဲ့အလိမ္မာလေး။

ကိုယ်သတ္တိရှိတဲ့တစ်နေ့ပေါ့
မင်းဆီမပေးဖြစ်တဲ့စာတွေ
ကိုယ့်လက်နဲ့ကိုယ်တိုင်ပေးမယ်။

မင်းပြန်ချစ်တဲ့တစ်နေ့ပေါ့
ဗီလိန်ဇာတ်ပဲခင်းရခင်းရ
မင်းကိုရအောင်ယူမယ်
နောက်ဘဝဆိုတော့လည်း
အင်း .. နောက်ဘဝပေါ့ ကလေးငယ်။

ချစ်ခြင်းထုထည်ပဲအနိုင်ရခဲ့တဲ့ကောင်မှာ
ကျန်တာအစစအရာရာအရှုံးပေါ်ပါတယ်ကွယ်။

History Means the past?Where stories live. Discover now