ရှင်သန်ဆဲ အက္ခရာ 1

11 2 0
                                    

ရာဇ၀င်​များရဲ့သတို့သမီးက
ပန်း​ရောပန်​တတ်​ရဲ့လားလို့မ​မေးပါနဲ့လား
ကန်​​တော့ပလ္လင်​​ပေါ်ဖြာကျ​နေတဲ့ဆည်းဆာ​တောင်
ဘယ်​​လောက်​မဟာဆန်​တယ်​ဆိုတာမင်းလည်းသိသားနဲ့။
ဖုန်​တက်​​နေတဲ့တမာရွက်​​တွေကအစ
မှိုင်းရီ​နေတဲ့စိမ်းညို့ညို့ထ​နောင်းပင်​​တွေအဆုံး
မလှုပ်​တလှုပ်​နဲ့ငါ့ရင်​ကိုလှုပ်​ခါ​နေလိုက်​တာများ
ပုဂံဟာအသက်​ရှိရုံမကဘဲ
အသက်​၀င်​လှုပ်​ရှား​နေသလားမှတ်​ရ။

ပုဂံမှာစိတ်​၀င်​စားစရာဘာရှိလို့လဲဆိုပြီး
ခပ်​​ပေါ့​ပေါ့နဲ့ မင်းရယ်​သွမ်း​သွေး​တော့
ဓမ္မရံကြီးရဲ့​နေ၀င်​ရီတ​ရောအချိန်​​လေးကမင်းကိုဘာပြန်​​ပြောလဲ
သေချာတယ်
ဒီဘုရားမှာဒီလိုရပ်​​ပြော​နေတာကိုဖြင့်
နရသူမင်းနား​တော်​​ပေါက်​ခဲ့ရင်
မင်းနဲ့ငါ ​သေချာ​ပေါက်​ကွပ်​မျက်​ခံရမှာ။

ခပ်​​ဝေး​ဝေးကြီးလည်းကြည့်​​နေစရာမလိုဘူး
အာနန္ဒာဘုရားအ​ကြောင်း​တောင်
တစ်​​နေကုန်​အ​ဖြေရှာလို့မကုန်​တာ
ဆင်းတု​တော်​​လေးဆူ​ရှေ့selfie​လေးပုံ ရိုက်​ရုံနဲ့
ဘုရားဖူးလို့ပြီးသတဲ့လား
ခန​တော့​စောင့်​ပါဦး
မွန်းမတည့်​ခင်​ စွယ်​​တော်​​လေးဆူအပြီးဖူးရင်း
ဆု​တွေတစ်​သီကြီး​တောင်းကြရ​အောင်​။

မှုန်​​ဝေ​ဝေည​နေ​စောင်းမှာကျန်​စစ်​မင်းကို​တွေ့နိုးနိုးနဲ့
အလို​တော်​ပြည့်​ကိုလက်ျာရစ်​အခါခါပတ်​လို့
ခပ်​​ဝေး​ဝေးထန်းပင်​တွေဆီလည်းရမ်း​ရော်​ကြည့်​တယ်
ကင်​မရာမီးတဖျပ်​ဖျပ်​​တွေကြားမှာ
အရိန္ဒမာလှံ တလက်​လက်​ကိုမမြင်​မိခဲ့ဘူး
ငါ့အမြင်​​တွေအားနည်းသွားသလား။

ဘယ်​​လောက်ပဲဖတ်​ဖတ်​ ဘယ်ေ​လာက်​ပဲကျက်​ကျက်
အလွတ်​မရနိုင်​တဲ့ဇာတ်​ကွက်​​တွေဆိုတာ
ပုဂံဘုရား​တွေရဲ့အုတ်​မြစ်​​တွေမှာထည့်​မြှုပ်​ပြီးသားပဲ။
အချိန်​ရတဲ့အခါ..
ဧည့်​လမ်းညွှန်​​တွေမရှင်းပြနိုင်​တဲ့စိတ်​ခံစားမှု​တွေအ​ကြောင်း
လူ​တွေမ​ရောက်​ဖြစ်​တဲ့ပုထိုး​ဟောင်း​တွေကြား
မင်းနဲ့ငါတူတူရှာရ​အောင်​...
ဖုန်​ထူ​မြေ​တွေဖြတ်​နင်းရင်း
ဟိုတစ်​​ခေတ်​ကလှည်းဝင်​ရိုးသံ​တွေပြန်​နားစွင့်​ရင်း....။

History Means the past?Where stories live. Discover now