2

466 41 0
                                    

ခင်​မင်​ရင်းနှီးမှုက​နေ ဖြစ်​တည်​လာတဲ့ ချစ်​ခြင်း​တွေတဲ့

ဒီလိုပဲ လွယ်​လင့်​တကူခေါင်းစဉ်​တပ်​ကြတဲ့အခါ

ချစ်​ခြင်း​မေတ္တာ​တွေဟာ အ​ပေါစားဆန်​ကုန်​တယ်​။

စိတ္တဇနာမ်​တစ်​ခုကို ခွဲခြမ်းစိတ်​ဖြာလို့ မတတ်​နိုင်​တဲ့အခါ

ဒီကမ္ဘာမှာ ခင်​ဗျားကို အချစ်​တတ်​ဆုံး​သော နားလည်​မှု​အပေးနိုင်​ဆုံး​သော လူသားဟာ ကျွန်​​တော်​ မဖြစ်​နိုင်​မှန်း တဖြည်းဖြည်း သ​ဘော​ပေါက်​လာတယ်​။

ချစ်​နိုင်​သ​လောက်​ပဲချစ်​​တော့မယ်​လို့ စိတ်​ကိုတင်းရင်း

နေ့ရက်​တစ်​ချို့ကို ဖြတ်​​ကျော်​နိုင်​ခဲ့တယ်

ဘယ်​အချိန်​ကတည်းက စမှားခဲ့သလဲ မသိ​ပေမယ့်

အချိန်​အ​တော်​ကြာ ခင်​ဗျားအနားမှာ ရပ်​တည်​ချင်​ခဲ့ဖူးတယ်​။

လေတစ်​ချက်​​လောက်​တိုက်​လိုက်​တာနဲ့ တိမ်​စု​လေး​တွေ

ွပြိုသွားသလို​ပေါ့ ခင်​ဗျားရယ်​ ဘဝကြီးဟာ အမြဲတမ်း​တော့

နေ​ပျော်​စရာ ဘယ်​​ကောင်းပါ့မလဲ။ ​လောကကြီးကို အရှုံး​ပေးလို့လဲ မ​နေချင်​ဘူး။ ခင်​ဗျားပြန်​မချစ်​နိုင်​တဲ့ ဘဝမျိုးမှာလဲ ​မရပ်​တည်​ချင်​ပြန်​ဘူး။ ယုံယုံကြည်​ကြည်​နဲ့

ခင်​ဗျားကို ​ရွေးချယ်​ခဲ့ပြီးတဲ့​နောက်​ ဘဝမှာ ​ကြောက်​ရွံခြင်း​​တွေ ထိတ်​လန့်​ခြင်းတွေကင်းစွာနဲ့ ​နေနိုင်​လိမ့်​မယ်​လို့ ​မျှော်​လင့်​တယ်​။

ချစ်​​နေတယ်​ဆိုတာ ဖွင့်​မ​ပြောမိ​တောင်​ သိ​ပါ​စေကွယ်​။


On Cloud NineWhere stories live. Discover now