<zawgyi>
" ရောက်လာပြီလား Kyungsoo "
" ဟုတ်ကဲ့ "
မန်နေဂျာကြီးကတော့ နွေနွေးထွေးထွေးပင် စကားပြောဆို၍ Kyungsooကို စင်အနောက်သို့ ခေါ်သွားသည် ။
စင်ပေါ်မှာ Crop Tee အနီရောင် ဝတ်ထားတဲ့ ကောင်လေးက သူမြင်နေကျ ကလေးဆန်ဆန် ပုံစံမျိုးမဟုတ်ဘဲ ဆွဲဆောင်မှုပြင်းတဲ့ ယောက်ျားတစ်ယောက်အသွင် ပြောင်းလဲနေ၏ ။
အကွက်ကျကျ ကနေတဲ့ အကတွေကြားက ကြည့်နေတဲ့ Kyungsoo ကိုယ်တိုင်တောင် အသက်ရှူ မိရဲ့လားဟု ကိုယ်တိုင်ပြန်မေးမိတဲ့အထိ ကောင်လေးရဲ့ အကတွေက ဆွဲဆောင်နိုင်လွန်းသည် ။
အနီးကပ်နေဖူးတဲ့ ချစ်သူရည်းစားဖြစ်တဲ့ သူကိုယ်တိုင်တောင် ကောင်လေးရဲ့ ခန္တာကိုယ်အချိုးအစား ၊ ဆွဲဆောင်မှုပြင်းတဲ့ အကတွေကြားမှာ နစ်မြောနေမိတာဆို
သူ့ပရိတ်သပ်ဖြစ်တဲ့ မိန်းကလေးများက Kim Jongin မှ Kim Jongin တမ်းတမ်းဆွဲ ဖြစ်နေတာ မဆန်းပါဘူးဟုသာ ကောက်ချက်ချမိတော့သည် ။
ကောင်လေးက ဖျော်ဖြေမှုပြီး၍ စင်အနောက်ကို ဝင်လာတော့ Kyungsooက အကွယ်တစ်နေရာဆီ တိုးဝင်လိုက်သည် ။
စင်ပေါ်မှာတော့ ယုံကြည်ချက်အပြည့်နဲ့ စွဲဆောင်မှုရှိရှိ ကနေတဲ့ ကောင်လေးက စင်အနောက်လည်း ဝင်လာရော ယခင်မြင်နေကျလို ကလေးလေး တစ်ယောက်အသွင် ပြောင်းလဲသွားသည် ။
crop teeကြောင့် ဗိုက်သားပေါ်နေတာကို ကုံးကုံးကွကွနဲ့ အင်္ကျီကို အတင်းဆွဲချနေတဲ့ ကောင်လေးက မျက်နှာလေးတောင် အနည်းငယ် ရဲနေသလိုပါပဲ ။
မျက်နှာပေါ်က ချွေးပေါက်တွေအား ညင်ညင်သာသာ သုတ်ပေးနေတဲ့ မိန်းကလေးသည် Jonginကို မျက်တောင်မခတ်တမ်း ကြည့်နေတဲ့ Kyungsooရဲ့ မြင်ကွင်းထဲကို ကန့်လန့်တိုက် ဝင်လာသည် ။
မိန်းကလေးတစ်ယောက်ရဲ့ လှသင့်လှထိုက်တဲ့ အလှအပတွေနဲ့ ပြည့်စုံနေသော်ငြား ထိုမိန်းကလေးကို Kyungsoo အလွန်မုန်းသည် ။ ကောင်လေးနဲ့ ပတ်သက်နေ၍ ပို၍ပင်မုန်းသည် ။
YOU ARE READING
D_reamLan_D <KS short stories>
Fanfictionဒီစာအုပ်လေးက Kaisoo ဇာတ်လမ်းတိုလေးတွေ စိတ်ကူးပေါက်သလို တင်ပေးသွားမှာပါ 💞 ဒီစာအုပ်လေးက Kaisoo ဇာတ်လမ်းတိုလေးတွေ စိတ်ကူးပေါက်သလို တင်ပေးသွားမှာပါ