<zawgyi>
တစ်နာရီစွန်းစွန်းလောက် Cafeဆိုင်အတွင်းမှာ နှစ်ယောက်သား အတူရှိနေကြရင်း Jonginရဲ့လက်တွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည် ။
IDOLဆိုတဲ့ ခေါင်းစဉ်အောက်မှာ မအားလပ်ခြင်းတွေကြောင့် မတွေ့ရတာ အတော်ကြာပြီ ။
တစ်လမှာ တစ်ခါသော ပုံမှန်မရှိလေတဲ့ video callကလည်း Kyungsooအတွက် အလွမ်းမပြေစေပါ ။
တစ်ခါတလေ ကောင်လေးရဲ့ အသံတွေ အားဖြော့နေတဲ့အခါ ၊ မျက်နှာလေး နွမ်းနေတဲ့အခါ ကောင်းလေးရဲ့ တိုက်ခန်းဆီကို ပြေးသွားချင်စိတ်က ထိန်းမရ ။
တွေ့ရပြန်တော့လည်း ကိုယ့်ချစ်သူကို လွတ်လွတ်လပ်လပ် ချစ်ခွင့်မရှိပြန် ။ ခိုးကြောင်ခိုးဝှက်နဲ့ ခဏတဖြုတ်သာ အလွမ်းမပြေစွာ တွေ့ရလေ့ရှိသည် ။
" Hyung .. ဘာတွေတွေးနေတာလဲ "
" ဒီလိုပါပဲ ။ မင်းနဲ့ငါ့အကြောင်းတွေ "
" အရမ်းမတွေးပါနဲ့ ။ စိတ်ပင်ပန်းလိမ့်မယ် ။ ဒီကကောင်က Hyung ပျော်နေတာပဲ မြင်ချင်တာ "
" Jongin .. တကယ်လို့လေ ငါနဲ့ မင်းရဲ့အနုပညာကို ရွေးရမယ်ဆိုရင် ဘာကိုရွေးမှာလဲ "
" Hyungကလည်း မဟုတ်တာကို ရှာကြံတွေးပူနေပြန်ပါပြီ ။ အဲ့လိုမျိုး ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး "
စားပွဲပေါ်တင်ထားတဲ့ Jonginရဲ့ ဖုန်းမျက်နှာပြင်က လင်းလာကာ ပေါ်လာတဲ့ စာတန်းလေးက အစ်မဟယ်ရာ တဲ့လေ ။
" ဟယ်လို .. အစ်မ "
ကိုယ်မဟုတ်တဲ့ မိန်းမတစ်ယောက်နဲ့ ဖုန်းဆက်နေတဲ့ Jonginကိုကြည့်ပြီး Kyungsoo မျက်နှာက ပြိုတော့မယ့်မိုးလို တစ်စတစ်စ ပျက်ယွင်းလာသည် ။
မျက်နှာပျက်နေတဲ့ Kyungsooရဲ့ အရိပ်အကဲကို ဖမ်းမိတဲ့ Jonginက ဖုန်းချပစ်ကာ Kyungsooကို သူ့ရင်ခွင်ထဲ ဆွဲသွင်းသည် ။
သိုင်းဖက်လာတဲ့ လက်တွေကို ဖယ်ချရင်း ထရပ်လိုက်သည် ။ Jonginကတော့ တောင်းပန်းတိုးလျှိသော အကြည့်တွေနဲ့ ။
YOU ARE READING
D_reamLan_D <KS short stories>
Fanficဒီစာအုပ်လေးက Kaisoo ဇာတ်လမ်းတိုလေးတွေ စိတ်ကူးပေါက်သလို တင်ပေးသွားမှာပါ 💞 ဒီစာအုပ်လေးက Kaisoo ဇာတ်လမ်းတိုလေးတွေ စိတ်ကူးပေါက်သလို တင်ပေးသွားမှာပါ