Tear

168 21 2
                                    







စကားလုံးလက်နက်တွေရှိနေသ၍
ကျွန်တော် မပျော်ရွှင်နိုင်တာ မဆန်းပါဘူး။
စွပ်စွဲနေမှုတို့ရဲ့ အခြေအတင် ငြင်းခုန်နေမှုပြဇာတ်တစ်ခုမှာ
ကျွန်တော်ဟာ ပွဲကြည့်ပရိတ်သတ်တစ်ယောက်သာသာ တိတ်ဆိတ်နေခဲ့ရ။

ခံစားရတာတွေကိုလည်း မကပြနိုင်
မဖျော်ဖြေနိုင်....မပေါက်ကွဲနိုင်။

ကျွန်တော်ခံစားရသမျှနာကျင်မှုအားလုံး ငရဲဘုံထဲ ပစ်ချနိုင်ခဲ့ရင် ပူလောင်နာကျင်မှုတို့ ထာဝရ အဆုံးသတ်နိုင်မှာတဲ့လား?

ငရဲက နာကျင်မှုတို့ရဲ့ နိဂုံးချုပ်မှ မဟုတ်ဘဲ။
နာကျင်မှုတို့ စံစားရာသုခ ဘုံ ကမ္ဘာ မဟုတ်ပါလား?

ကျွန်တော် အလည် သွားဖူးခဲ့ပါတယ်။

အဲ့မှာ ပျော်ရွှင်မှုတို့ အလျင်းကင်းတယ်။

Dear & Tear , Fear [Z & U]Where stories live. Discover now