~31~

24 1 0
                                    

ခုတလော ကျွန်တော့်မလဲ ခင်ဗျားကိုလွမ်းလိုက်ရတာအလူးအလဲ
အိပ်ချင်နေရက်လည်း အိပ်မပျော်တဲ့မျက်ဝန်းတွေရယ်......
ရင်တခုလုံးအောင့်သက်နေအောင် ခံစားရတဲ့
လွမ်းဆွတ်မှုတွေရယ်......
ဆုံလေရက်နဲ့လွမ်းလေခြင်းပေါ့ကွယ်

အဆင်မပြေမှုတွေကအစ ခလုတ်တိုက်မိတာလေးအဆုံး ခင်ဗျားဆီပဲပြေးပြေးပြီး တိုင်တည်နေချင်မိတဲ့စိတ်တွေ .....
မတိုက်ဆိုင်ဘဲလည်းသတိရတယ်
တိုက်ဆိုင်တိုင်းလည်းသတိရတယ်
ကျွန်တော့် ခန္တာထဲစီးဆင်းသွားသမျှ သွေးကြောတိုင်းဟာ ခင်ဗျားကို သတိရခြင်းတွေပဲဖြစ်တယ်

ခင်ဗျားမလဲ နေနိုင်ရက်လိုက်တာလို့ အပြစ်မတင်ရက်.......
သည်းမခံနိုင်အောင် လွမ်းဆွတ်လာတဲ့အခါ
ကျွန်တော့်မှာတော့ အမှတ်တရတွေထဲ တိုးဝင်ပစ်မိတော့တာပါပဲ .....။

You've reached the end of published parts.

⏰ Last updated: Feb 04, 2019 ⏰

Add this story to your Library to get notified about new parts!

S M O K E Y Where stories live. Discover now