ဆေးနံ့တွေမွှန်ထူနေတဲ့ဆေးရုံရဲ့
အတွင်းပိုင်းVIP အခန်းလေးမှာ
လှဲနေတဲ့ကုတင်ပေါ်ကဖြူလွလွ
ကောင်လေးကိုကြည့်ကာ
Junmyeon သက်ပြင်းချမိတယ်ဒီနေ့နဲ့ဆို သူသတိမေ့နေတာသုံးရက်ရှိပြီ
နဂိုထဲက စိတ်ပျော့တတ်တဲ့သူမို့ အဖေလို
ခင်မင်ရတဲ့ ဦးလေးဂင် ဆုံးသွားပြီဆိုတဲ့
သတင်းကြားထဲက လဲသွားတာ အခုထိ
ပြန်သတိမရသေးဘဝမှာဘာလိုအပ်ချက်မှ မရှိအောင် လိုတရ
နေတဲ့ Ooh Sehunက အိမ်တော်ထိန်းဦးလေးကြီး
ဆုံးသွားတာနဲ့ မေ့လဲသွားတယ်ဆိုတာ ကြားရသူ
အဖို့ မယုံနိုင်စရာ ပေမယ့် ဒီကောင်လေးရဲ့
အကြောင်းကိုသိနေတဲ့သူအဖို့တော့ သက်ပြင်း
တချချနဲ့သာ သနားနေကြတယ်ငယ်စဉ်ထဲက မိဘတွေရဲ့ပြဿနာထဲမှာ
မြေစာပင် ဖြစ်ခဲ့ရတဲ့ ဒီကောင်လေးကို
အဖေတစ်ယောက်လို နွေးထွေးမှုပေးခဲ့တာလဲ
ဦးလေးဂင်ဖြစ်သလို အမေတစ်ယောက်လို
ကြင်နာမှုပေးခဲ့တာလဲ ဦးလေးဂင်သာSehun အသက်16နှစ်မှာ ကွာရှင်းပြီး
ကိုယ်စီ နောက်အိမ်ထောင်ပြုကာ ဒီအိမ်ကြီးထဲမှာ
သူ့ကို တစ်ယောက်တည်းထားသွားထဲက
Sehun ကိုယ်တိုင်ကကို ဦးလေးဂင်ကို
အဖေလိုကောအမေလိုကော
ချစ်ခင်လေးစားခဲ့ရသည်လေဦးလေးဂင် ဆုံးသွားတယ်ဆိုတဲ့ သတင်း
က သူ့အတွက် တံတိုင်းကြီးပြိုကျသွားသလို
ခံစားသွားရရှာမှာနဂိုကမှ မာနကြီးပြီး အရယ်အပြုံးသိပ်မရှိတဲ့
သူမို့ ဦးလေးဂင် နေမကောင်းထဲက ကြိတ်ခံစား
နေပုံ"Jun......."
အတွေးထဲလွင့်မျောနေတုန်း ဖျော့တော့တဲ့တိုးလျလျ
အသံလေးကြောင့် Junmyeon အနားကို
ဖြေးဖြေးချင်းကပ်သွားပြီး"အင်း ပြောလေ Sehun hyung ရှိတယ် "
"ဦးလေးဂင် ကောဟင် "
"Sehunရယ်.....နာကျင်နေရမယ့်အရာကို
ဘာလို့ခဏခဏသိချင်နေတာလဲ "

YOU ARE READING
Capital Letter
Fanficစာကြောင်းတစ်ကြောင်းရေးရင် မဖြစ်မနေ အကြီးစာလုံးနဲ့ရေးရသလို Jun က ကျွန်တော့်ဘဝရဲ့ မရှိမဖြစ်အရေးကြီးဆုံးသူ. . .