ထွက်ပြေးမယ်ဆိုတဲ့စိတ်သာရှိတယ်
လက်တွေ့မှာမလုပ်ရဲ သူအထက်တန်းတုန်းက
ဂျပန်ကျောင်းသွားတက်ရမဲ့Scholar
ကိုJunmyeon ဖြေချင်ပေမယ့်
Sehun က ဖြေခွင့်မပေးသည့်အပြင်
ကျောင်းကိုသွားခွင့်မပေးတော့သူထွက်ပြေးမယ်ပြင်တုန်းမိသွားတဲ့Sehunက
သူ့ကိုအခန်းထဲတစ်ပတ်တိတိပိတ်ထားခဲ့တယ်အခုလဲသူထွက်ပြေးတာကိုSehunများမိသွားရင်
တစ်ပတ်မဟုတ် တစ်ဘဝလုံး ပိတ်လှောင်ခံရမယ့်
အဖြစ်မျိုးနံနက်တစ်နာရီပင်ထိုးနေပြီမို့ တစ်အိမ်လုံး
မီးပိတ်ကာ အကုန်အိပ်မောကျနေတဲ့အချိန်သူအားတင်းကာ အခန်းထဲကထွက်လာခဲ့တယ်
တစ်အိမ်လုံးငြိမ်သက်နေတာမို့ Junmyeon
အသက်ပင်ဝဝမရှူရဲနောက်ဆုံး သူခြံထဲရောက်လာခဲ့ပြီ
ဒီခြံကြီးရဲ့အပြင်ရောက်သွားရင်
သူဘယ်ကိုသွားရမလဲ သူ့ကိုSehun
မရှာနိုင်မယ့်နေရာသူထိုကိစ္စကိုမတွေးမိ Sehun ဆီကလွတ်မြောက်
ချင်တဲ့အတွေးသာရှိတာမို့ သူဘယ်ကိုသွားရင်
Sehun ဆီကလွတ်မြောက်မလဲအတွေးထဲလွင့်မြောရင်း ခြံတံခါးကို သူအသာဖွင့်တော့
"ဘယ်သူလဲ . . . . "
အေးစက်စက် အသံကြောင့် သူမတ်တပ်ရပ်နိုင်စွမ်း
ပင်မရှိတော့ သူ့အနောက်မှာအခုရောက်နေတာ
Sehun ပဲအသက်ပြင်းပြင်းရှူကာ တံခါးကိုဖွင့်ဖို့
သူအားတင်းလို်က်တယ်"ဘယ်သူလဲလို့မေးနေတယ်လေ.... မဟုတ်မှလွဲ
Jun လား "အပြောကနောက်မှ Sehun ရဲ့ခြေလှမ်း
တွေက Junmyeon ဆီတရိပ်ရိပ်ကပ်လာတာမို့
သူတံခါးကိုအမြန်တွန်းဖွင့်ကာ အပြင်ကို
အမြန်ပြေးထွက်လိုက်တယ်
YOU ARE READING
Capital Letter
Fanficစာကြောင်းတစ်ကြောင်းရေးရင် မဖြစ်မနေ အကြီးစာလုံးနဲ့ရေးရသလို Jun က ကျွန်တော့်ဘဝရဲ့ မရှိမဖြစ်အရေးကြီးဆုံးသူ. . .