Part Two

75 16 8
                                    

Taehunနောက်ကို ခွေးလိုက် နွားလိုက်သလို အမြန်ပြေးလာလိုက်တဲ့ အကျိုးဆက်ကတော့ Toiletအဝင်ပေါက်ရဲ့ မလှမ်းမကန်းမှာ လှလှပပ ခင်းကျင်းထားတဲ့ ကြွေအိုးအဝိုင်းကြီးကို ဝင်တိုက် မိလိုက်တာဘဲ။

ပိုပြီးကံဆိုးတာက အိုးကြီးကွဲသွားပြီ!!

"အာားးးးးး!! ကွဲပြီ"

Baekhyunစိတ်ညစ်ညူးစွာနဲ့ လန့်လန့်ထိတ် ထိတ်အော်လိုက်တယ်။

"အလှထားတာလား ပြတိုက်က ပြထားတဲ့ပစ္စည်း
လား? ဟားးးး ငါတော့သေပါပြီ ဘယ်လိုလုပ်မလဲ
အားရှီး"

ခွမ်းကနဲကွဲကျသံနဲ့အတူ ရုတ်တရက်တိုက် ကွဲသွားတဲ့ ကြွေစတွေနဲ့ ပိတ်တော့မှာဖြစ်လို့ အဓိကမီးတွေ မှိတ်ထားပြီး မီးအရံမှိန်တိန်တိန် တွေဘဲဖွင့်ထားတဲ့ ဟိန်းနေတဲ့ပြတိုက်ခမ်းမကြီး ဟာ Baekhyunစိတ်ကိုခြောက်ခြားစေသလို တစ်ဆက်ထဲမှာ ကြွေအိုးကြီးလျော်ရတော့မယ်ဆို တဲ့အသိကြောင့် Baekhyunအကြီးအကျယ် စိတ်ဓာတ်ကျသွားရတယ်။

ဟုတ်တယ်လေ Baekhyunလို အချိန်ပိုင်းအလုပ် လုပ်ပြီး ကျောင်းတက်နေရတဲ့ ကျောင်းသားက ဒီကြွေအိုးကြီးကို ဘယ်လိုပြန်လျော်ရမှာလဲ။
အလှထားတာမဟုတ်ဘဲ ပြတိုက်ကပြထားတဲ့ ပစ္စည်းဆိုရင်တော့ သေပြီဘဲ။ နိုင်ငံတော်ပိုင်ပစ္စည်း ကိုဖျက်ဆီးတယ်ဆိုပြီး အချုပ်တွေဘာတွေများ ကျသွားမလား။

"အားး သေချင်တာဘဲ။ Taehun yrrr!! ပြီးပြီလား hyungတို့သေပြီထင်တယ်"

Toiletထဲသေးကြောရှည်နေတဲ့ Taehunကို လှမ်းခေါ်ရင်း ငြီးတွားနေတုန်းမှာဘဲ......

Baekhyunတိုက်ကွဲလိုက်တဲ့ ကြွေအိုးဟာ သန့်စင်တဲ့ အနီရောင်မီးခိုးငွေ့တွေ လွှမ်းခြုံသွား ပြီးတစ်စချင်းဆီ ပြန်ဆက်ပြီးတော့ အကောင်း ပကတိအတိုင်း ပြန်ဖြစ်သွားခဲ့တယ်။

"ဒါ ဒါ သရဲခြောက်နေတာလား ဒါ အားးး Taehun yarrr လာပါအုံး"

Baekhyunအနောက်ကို ဖင်ထိုင်ရက်လဲကျသွား ပြီးတော့ Taehunကိုငယ်သံပါအောင် အော်ခေါ် တော့တယ်။

အိုးထဲကနေ အနီရောင်မီးခိုးတွေနဲ့ အနီရောင်အ လင်းပြောက်တွေရောယှက်နေတဲ့ လူလိုလို ပုံသဏ္ဌာန်တစ်ခု ထပ်ထွက်လာတဲ့အခါမှာတော့ Baekhyun Taehunကိုလဲထပ်မအော်ခေါ် နိုင် တော့ဘူး။ သေလူတစ်ယောက်လို အားစေးကပ်နေ ပြီးတော့ အဲ့ပုံသဏ္ဌာန်ကိုဘဲ စိုက်ကြည့်နေမိတော့ တယ်။ Baekhyunအရမ်းကို ကြောက်လန့်နေပြီ။

Be My Genie!Where stories live. Discover now