Part-9

2.4K 271 23
                                    

"ဦးက...ဟင့် တကယ်ကြီးစိတ်ဆိုးသွားတာ ဗြဲ 😭😭 "

လူကြီး ဖြစ်ပြီးအဲ့လောက်လေးနဲ့စိတ်ဆိုးစရာလား??
မနေ့ကအိမ်ပြန်ပို့တော့လည်းကားပေါ်မှာခပ်တည်တည်ကြီးနဲ့စကားလည်း ပြောဘူး....😞

ဒီနေ့မနက်ထိဖုန်းလည်းမဆက် Message လေးတစ်ကြောင်းတောင်မပို့ဘဲနေနိုင်လိုက်တာ ။

Baek တို့ကတော့မင်းမှားတာတဲ့ သူမဆက်လည်းကိုယ်ကအရင်ဆက်ပြီးတောင်းပန်လိုက်ပေါ့တဲ့.... ။

ဒါ...ဒါပေမယ့် ဦးကိုကြောက်တယ် 😭
အော်လိုက်ရင်ဘယ်လိုလုပ်မလဲအသည်းကနုနုလေးရယ် 😢

"Hunnine သားလေးထမင်းလည်းဆင်းမစားဘူး နေမကောင်းဖြစ်နေတာလား မှန်းစမ်း! "

မားမားက သူနေ့လည်စာဆင်းမစားလို့ စိတ်ပူပြီးအခန်းထဲဝင်လာကာ   ဟိုစမ်းဒီစမ်းနဲ့ရယ်....

"မားမား....သားလေ လူတစ်ယောက်စိတ်ဆိုးအောင်လုပ်မိတယ် အဲ့တာဘယ်လိုပြန်ချော့ရမလဲဟင် "

"Baek လေးတို့နဲ့ရန်ဖြစ်ပြန်ပြီလား..... အဲ့တာဆိုလည်းသူတို့အကြိုက်နဲ့ပြန်ချော့လိုက်လေ "

အကြိုက်နဲ့ ချော့ရမယ်*

ဦးက ဘာကြိုက်လဲမသိဘူး......😞

ဟောဒီက Oh Sehun လေးကိုကြိုက်နေတယ်ဆိုရင်ရော..... 🙈

အားး......Morla Morla ရှက်ဆာကြီးး ဟိ ~

"ဟဲ့.....ဒါက ချက်ချင်းပြုံးစိစိနဲ့ဘာဖြစ်နေရတာတုန်း "

"ဟွာလေ.....မား သားဒီနေ့baek တို့နဲ့တူတူ ဖောင်သွားတင်မှာမို့နည်းနည်းနောက်ကျမယ်နော် "

Sehun အင်္ကျီတွေကောက်ချွတ်ကာရေမိုးချိုးဖို့ပြင်ဆင်ရတော့သည် ။
အမှန်က baek တို့နဲ့ချိန်းထားတာမနက်ဖြန်မှပါ ဒီနေ့ကဦးကိုသွားချော့မလို့.....
ရင်ခုန်လိုက်တာနော်~

"အရမ်းတော့ မိုးမချုပ်စေနဲ့နော်...! "

"Nae~!! မားမားး "

"အမလေး တက်ကြွနေလိုက်တာ .....ချော်လဲနေပါဦးမယ်!!! "

"ဟီးးး~ "

Sehun မားမားကို ရှက်ပြုံးလေးနဲ့သာ ။
ရေချိုးသေချာတိုက်ချွတ်ပြီးမှ အဝတ်အစားတွေထဲကချစ်ဖို့အကောင်းဆုံးဖြစ်မယ်ထင်တာလေးရွေးဝတ်လိုက်သည် ။

Only You~Where stories live. Discover now