Part-3

2.1K 239 28
                                    

ဒုန်းး....ဒုန်းး..... ဒုန်းးး!

"ဦးလေးကြီး!!! ဦးလေးကြီးရေ....မနိုးသေးဘူးလား ဗျို့ ဦးလေးကြီး!!! "

ဒုန်းးး....ဒုန်းးး!!!

သူ့လက်လေးတွေနဲ့ တံခါးကိုတဘုန်းဘုန်းထုနေကာ...... တံခါးနားကပ်ပြီးနားထောင်နေတယ်အထဲကအသံပြန်မကြားရတာကြောင့်.... စိတ်ပူသွားတယ် ဦးလေးကြီးတစ်ခုခုဖြစ်နေတာများလား....

"ဦး~~ အင့်~! "

တံခါးထက်ထုမလို့ရှိသေး အထဲကဆွဲဖွင့်လိုက်တာကြောင့်သူ့ခမျာအရှေ့ကရင်ခွင်ကြီးဆီသို့ပစ်စလတ်ခတ်ကျသွားတော့သည် ။

Chanyeol ညကမိုးလင်းခါနီးလောက်မှအိပ်ပျော်သွားတော့ နေမြှင့်နေတဲ့အထိမထနိုင် ။ အသံစာစာနဲ့လာအော်နေတဲ့ကြက်ပေါက်ကြောင့် အော်မလို့တံခါးဆွဲဖွင့်ယုံရှိသေးရင်ခွင်ထဲပစ်ဝင်လာတဲ့ခပ်နွေးနွေးကိုယ်လုံးလေး ။

"ဦးလေးကြီးကလည်း....နိုးနေရင်ပြန်ထူးတာမှုတ်ဘူး သားကစိတ်ပူသွားတာ 😢 "

"မင်းငါ့ခါးကို ဖက်ထားတာလွှတ်လို့ရမလား?? "

Sehun ရှက်ရှက်နဲ့ကြည့်လိုက်တော့မိမိ၏ လက်များသည် မိမိဆန္ဒမပါဘဲဦးလေးကြီးခါးကိုတင်းနေအောင်ဖက်ထားမိတယ်.......

အချောလေးတော့အရှက်တွေကွဲကုန်ပါပြီ😭

"အာ....ဟီးး ~! "

"မင်းက သူများအခန်းစောစောစီးစီးဘာလာလုပ်တာလဲ??? "

Chanyeol ထိုကြက်ပေါက်ကို ခပ်တည်တည်မျက်နှာဘေးနဲ့မေးလိုက်တော့.....

"ဘွားက မနက်စာစားဖို့ မင်းဦးလေးကြီးကိုသွားခေါ်ဆိုလို့..... သားကလာခေါ်တာ😒 "

ဟုတယ်.....ဘွားက ပြောတယ် Chan လေးနဲ့ရင်းနှီးအောင်နေရမယ်တဲ့ လူကြီးတွေမျက်နှာပျက်အောင်မလုပ်ရဘူးတဲ့
.....Oh Se လေးအဲ့လောက်ဆိုသဘောပေါက်ပါတယ် သားနဲ့ဦးလေးကြီး ကိုရင်းနှီးအောင်နေခိုင်း ပြီးရင်လူကြီးချင်းသဘောတူထားတယ်တွေဘာတွေလာတော့မှာ 😒

သူတို့စီစဉ်တဲ့အတိုင်းလက်ခံရအောင်....အချောလေးOh Sehun ဆိုတာ ကြိုက်မဲ့သူမရှိုလို့မအေးအေးဝင်းစီစဉ်ခိုင်းတဲ့သူမျိုးမှ မဟုတ်တာ 😒

Only You~Donde viven las historias. Descúbrelo ahora