SUGARY.2

6.6K 538 291
                                        

Zawgyi

"က​လေး...Jungkook!...က​လေး​ရေ..
ဦးပြန်​လာတာ​နောက်​ကျလို့ စိတ်​ဆိုး​နေတာလား...
က​လေး​!!....."

Companyကအလုပ်​များ​ကြောင့်
အပြန်​​နောက်​ကျသည်​ကို
စိတ်​​ကောက်​​နေတာလားက​လေး​ရေ...

Taehyungတစ်​အိမ်​လုံးနီးပါး လိုက်​ရှာ​သော်​လည်း
အရိပ်​ပင်​မမြင်​ရ​သော​Jungkook​ကြောင့်
နောက်​ဆုံး ခြံ​နောက်​က ဂို​ဒေါင်​ဆီသို့သွားရှာမိသည်​....

အလင်း​ရောင်​မှိန်​ဖျဖျ​ရောက်​မှာ ရှိုက်​သံသဲ့သဲ့​လေးရယ်
တသိမ့်​သိမ့်​ တုန်​​နေတဲ့ခန္ဓာကိုယ်​ငယ်​​လေး​ရယ်​က
သူ့ရင်​အား ဓားနဲ့ဆွဲမွှန်း​နေသလိုပင်​....

"က​လေး"

"ဦး.....အီး....ဟီး....
ဦးက​တော့ ကျ​တော့်​ကိုမထားခဲ့ပါနဲ့​နော်​...."

ပုခုံး​လေးအားခပ်​ဖွဖွထိကာ ​ခေါ်သံအဆုံး
ရင်​ခွင်​ထဲ တင်းကြပ်​စွာဖက်​ထားသည့်​က​လေးငယ်​​ရေ....
ဦးက​လေးကို ပစ်​ထားမိခဲ့တာလားကွာ..

"ဦး....​ဒေါ်​ဒေါ်​လေ..ဟင့်​.....​​ဒေါ်​ဒေါ်ဆုံးပြီတဲ့"

ငယ်စဉ်ကပင် ​​​မိဘတွေမရှိ​တော့သည့်
Jungkookဖို့ နိုင်​ငံခြားမှာသွား​ရောက်
အလုပ်​လုပ်​သည့်​ အ​ဒေါ်ဖြစ်​သူကသာ သူ့ရဲ့အားထားရာ..
သုံးနှစ်​တစ်​ခါပြန်​လာတတ်​သည့်
အ​ဒေါ်နှင့်​သိပ်​အ​နေမနီး​ပေမဲ့ သူ့ရဲ့တစ်​ဦးတည်း​သော
ဆွေမျိုးရင်းချာ.....

အခုတကယ်​ပဲသူ့ဘ၀မှာ ဘယ်​သူ့မှမရှိ​တော့ဘူး...
ဦးကလွဲလို့.....

"တိတ်​ပါ​တော့ က​လေးရယ်​...
ဦးကထားမသွားဘူး​နော်​...မငိုနဲ့​တော့ ဦးရှိတယ်​....
ဦးရှိတာမို့ မငိုစမ်းပါနဲ့ က​လေးရယ်​"

ရှိုက်​သံ​လေး​တွေ တိတ်​သွားသည့်​က​လေးငယ်​က
ငိုရလွန်းလို့ ​မောပြီးအိပ်​​ပျော်​သွား​​လေပြီ....

က​လေးငယ်​အား​ပွေ့ချီလျှက်​ အိပ်​ခန်းဆီသို့ပြန်​ပို့ကာ
ရင်​ခွင်​ထဲ မြုပ်​​နေ​အောင်​ဖက်​ထားမိ​တော့သည်​....
က​လေးငယ်​၏ အိပ်​မက်​ဆိုး​တွေကို​တော့
သူ့အနမ်း​များက ဖယ်​ရှား​ပေးရင်း​ပေါ့....

SUGARY{COMPLETED}Tempat cerita menjadi hidup. Temukan sekarang