"ဆူး​တွေရှိမှန်း သိလျက်​ ပွင့်​ဖတ်​​တွေပဲ​ငေးခဲ့တယ်​ "

1.7K 41 6
                                    

<<<<<<Part (1)>>>>>>>

~~
~~~မိုး​တွေ ​လေ ​တွေထစ်​ချူန်း ရင်း လျှပ်​စီးများ အဆက်​မပျက်​ လျှပ်​ ​နေကာ....အငြိုးနဲ့ ရွာချ​နေတာ ​ကောင်းကင်​ကြီးပြိုကျ​တော့မ​ယောင်​......

ပတ်​ဝန်းကျင်​တခုလုံး ​မှောင်​မဲ ​နေတာမို့ အိမ်​ထဲ အလင်း​ရောင်​ပင်​ မဝင်​​တော့ ....

"​ဂျောက်​ 💥"

ဖေ​ဖေ မီးထ ဖွင့်​လိုက်​တာမို့ လင်းသွား​တာကာ..မျက်​ရည်​ကို ကပြာကယာ ခိုးသုတ်​လိုက်​ရင်း...ဘာမှ မဖြစ်​သလို ဆက်​ထိုင်​​နေကာ.....

ဖေ​ဖေ သူမ ​​နား..ပြန်​လာထိုင်​ ရင်း သက်​ပြင်းချကာ....

"သမီး.."

"ဟုတ်​ ​ဖေ​ဖေ"

"​ဖေ​ဖေ​ပြောတာ​တွေ နားလယ်​တယ်​မို့လား သမီး.."
"ခန ​လေးပါပဲ ....​ဖေ​ဖေ လုပ်​ငန်း​တွေ အဆင်​​ပြေလို့ အ​ခြေတကျ ​နေနိုင်​ပြီ ဆိုတာနဲ့ သမီး​လေးနဲ့ အတူပြန်​လာ​နေမှာပါ.."
"ကြားလား သမီး​လေး..."

~~​ဖေ​ဖေ စကား​တွေကြားရသလို သူမ နားလဲလယ်​ပါတယ်
သူမ အသက်​ ဆယ်​ငါးနှစ်​ ရှိပြီမို့....​ဖေ​ဖေ စကား​တွေ နားလယ်​သလို...​ဖေ​ဖေ ဖြစ်​​စေချင်​တာ​တွေ သူမ လိုက်​နာဖို့လဲ ဆုံးဖြတ်​ထား ပြီးပြီ.....

သူမ အသက်​ ရှင်​သန်​လာတဲ့တ​လျှောက်​မှာ မိသားစု ​နှောင်​တွယ်​စရာ ဆိုလို့ ဒီအ​ဖေ ဒီသမီး နှစ်​​ယောက်​ထဲသာ ရှိတာမို့
ဖေ​ဖေ စကားကို မငြင်းပါယ်​ချင်​သလို...

သူ​မ​ကြောင့်​လဲ ​ဖေ​ဖေ ကိုစိတ်​မဆင်းရဲ​စေချင်​...ကျလုလု မျက်​ရည်​ကို မျက်​​တောင်​​တွေပုတ်​ခတ်​ကာ ထိန်းသိမ်းရင်း....

နောက်​ဆုံးတ​ခေါက်​ အဖြစ်​ ခပ်​တိုးတိုး ​လေး.....

"ဒီမှာပဲ သမီး ​နေခဲ့လို့ မရဘူးလား..ဟင်​.."

သူမ စကား​ကြောင့်​ ​ဖေ​ဖေ သက်​ပြင်းထပ်​ချကာ....

"သမီး ဒီမှာ ပဲ ​နေချင်​တာ ​ဖေ​ဖေ သိ​ပေမယ့်​...သမီးတ​ယောက်​ထဲ ဒီမှာ ထားခဲ့ဖို့ ​ဖေ​ဖေ ဘယ်​လိုစိတ်​ချမလဲ သမိီး..
သမိီး အရွယ်​က လူကြီး​တွေ အုပ်​ထိန်းမှုကို လိုအပ်​​နေ​သေးတဲ့ အရွယ်​​လေ..."
"သမီးရယ်​...နှစ်​တချို့ပါ....မကြာ​စေရဘူး..​ဖေ​ဖေ လာပြန်​​ခေါ်မယ်​​နော်​..."

&quot;ဆူး​တွေရှိမှန်း သိလျက်​ ပွင့်​ဖတ်​​တွေပဲ​ငေးခဲ့တယ်​&quot;Where stories live. Discover now