"ဆူး​တွေရှိမှန်း သိလျက်​ ပွင့်​ဖတ်​​တွေပဲ​ငေးခဲ့တယ်"

569 47 15
                                    

<<<< Part (8) >>>>

~~~

မီးရောင်စုံထွန်းထားတဲ့ လမ်းလေးထက် လျှောက်လှမ်းလာရင်း
နှုတ်ခမ်းထပ် အပြုံးလေး ခိုတွယ်နေတဲ့...ကောင်မလေး..

ဘယ်နေရာ ကြည့် ကြည့် မီးရောင်စုံလေးတွေ....တချက်တချက်...

ဖြောင်းဒိုင်း!!!!

...အသံတချို့ ကြောင့် ကောင်းကင်ကို မော့ကြည့် မိတိုင်း...ညယံမှာ အလှဆုံး အလှဆင်နေတဲ့ မီးရှူးမီးပန်းတွေ......

မမြင်ဖူးသလို မော့မော့ငေးနေရင်း......

အနားကတိုးတိုက်ဖြတ်ပြေးတဲ့ ကလေးတစု...လမ်းဘေးတဖက်တချက်စီက ဈေးဆိုင်တန်းတွေ.....

မိသားစုလိုက် လမ်းလျှောက်နေကျသူတွေ...

လက်ချင်းချိတ်က လျှောက်လှမ်းလာရင်း ငဲ့ငဲ့ကြည့်ပြီးအကြည့်ခြင်းစုံ ကျီစယ်နေတဲ့ အတွဲတွေ...

Eing အတွက် မြန်မာနိုင်ငံကိုရောက်မှ ပထမဆုံး ဆင်နွှဲတဲ့
ပွဲတော်တခု...သီတင်းကျွတ် ညတဲ့......

Eing ထိုင်းမှာနေတုန်းက မီးမျှောပွဲတော်တွေသွားဖူးပေမယ့်...

အများအားဖြင့်က လျှပ်စစ်မီးတွေကိုသာ အလှဆင်ထားခြင်းသာ...

ဒီပွဲတော် လမ်းလေးမှာတော့...မီးပုံးရောင်စုံ လေးတွေကြောင့် ပို ပြီး သဘာဝနဲ့ ပိုနီးစပ်သလိုမို့....

Eing စိတ်ထဲ သိသိသာသာလှိုက်ခတ်နေတဲ့ ရိုးရာ အငွေ့အသက်လေး.....

Eing ငေးပြီး လျှောက်လာနေတာ...

ဘေးနားမှာ နေခြည် မရှိတော့ တာပင် သတိမထားမိ...

ပါတ်ဝန်းကျင် လူတွေကြားထဲ ဝေ့ဝဲရှာတော့..

"ဟော;;;"

တွေ့ပါပြီ....

ကလေးတအုပ်ကြား အရပ်ကြီး ကလန့်ကလားနဲ့ တိုးဝေ့ကာ အာတာပူစီ ဝယ်နေသော....ကျမ ကလေး....

မြင်လိုက်ရတာလေးနဲ့ပင် ရင်မှာနွေးထွေးသွားတဲ့ခံစားမှုလေး

ဒီအစား အစာ က ဒီအရွယ် ကျမကလေး စားရမယ့် အစားတော့ မဟုတ်တော့.....

Eing ဘေးနားရောက်သည့် ထိ ကလေး ကလည့်မကြည့် ဈေးသည်ဆီက အလှည့်ကျဖို့ စောင့်ရင်း...တိုးဝှေ့ နေဆဲ..

Has llegado al final de las partes publicadas.

⏰ Última actualización: Jun 12, 2019 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

&quot;ဆူး​တွေရှိမှန်း သိလျက်​ ပွင့်​ဖတ်​​တွေပဲ​ငေးခဲ့တယ်​&quot;Donde viven las historias. Descúbrelo ahora