<<<< part (4)>>>>~~
~~
စာကြည့်ခန်း..အန်ကယ်ဆီက ဘာစကားမှ ထွက်မလာသေးပဲ...
သက်ပြင်းချ လိုက်တာမို့...
Eing တယောက် လက်ချောင်းတွေခြင်း ဆုပ်ကိုင်ကာ ချွေးစေးတွေပင် ထွက်နေပြီိ....
သူမကို အဆင့်ကျော်လွန်းတယ် ထင်သွားမလား...
သူမ စကားတွေကို ရော ယုံကြည် ပေးပါ့မလား.....
ပြီးတော့....သူမကိုယ်တိုင်ရော....
ကလေး ကို ထိန်းချုပ်နိုင်မှာ သေချာရဲ့လား.....
လူက ရေဆန်ကို ကူးဖြတ်နေရတဲ့အတိုင်း ရင်ထဲ မောပမ်းလာကာ...အန်ကယ်ဆီက တစုံတရာ မကြားရဲအောင် ဖြစ်နေမိတော့တယ်....
သူမ အနေ နဲ့ သူများမိသားစု ကိစ္စ ထဲ ဝင်ပါလိုက်ရလို့ အားနာစိတ်ရှိပေမယ့်...
အားကိုတကြီး ကြည့်လိုက်တဲ့ ကလေး အကြည့်ကို က ဒီအခန်းထဲ ရောက်လာစေခဲ့ပြီး....
ကလေး ကျောင်းစာ အတွက် သူမ တာဝန်ယူနိုင်မှာပါလို့..
ကတိကဝတ်တွေ ပေးမိစေကာ....နေခြည် ကို ဘော်ဒါ မပို့ ဖို့ တောင်းဆို စေခဲ့မိပြီး...
ခုန ပြောချ နေတဲ့ အချိန်ထိအကောင်းပေမယ့်...အန်ကယ်စီက သက်ပြင်းချလိုက်သံကြားမှ...
ငါမှားများ မှားနေပြီလား ...ဆိုတဲ့ အသိ ကဝင်လာတာမို့...
Eing တယောက် အန်ကယ်ကို မကြည့်ရဲတော့ပဲ ခေါင်းငုံ့ချကာ.....
အန်ကယ်ဆီက စကားကို မကြားရဲအောင်ပဲ...ရင်ထိတ်နေမိ
ငါဘယ်တုန်းက ဒီလို့ အဆင့်ကျော်တဲ့ တောင်းဆိုမှုတွေနဲ့ ရင်းနှီးစေခဲ့ပါလိမ့်......
Eing တယောက် ကိုယ့်ကိုယ်ကို တောင် နားမလယ်နိုင်တော့ပေ.....
ဟင်!!်...
အန်ကယ် ထိုင် နေရာက ....ထ ကာ.....
VOCÊ ESTÁ LENDO
"ဆူးတွေရှိမှန်း သိလျက် ပွင့်ဖတ်တွေပဲငေးခဲ့တယ်"
Fanfic" နင်က ငါ့အပိုင် ပဲ ငါခွင့်ပြုချက်တောင်မရပဲ ငါ့ဖြစ်တည်မှုထဲ တိုးဝင်လာခဲ့တယ် ...ဒါကြောင့် နင်ရှင်သန်တာပဲဖြစ်ဖြစ် သေဆုံးဖို့ပဲဖြစ်ဖြစ် ငါဆုံးဖြတ်မယ် ... နင်က ငါ့ပိုင်ဆိုင်မှုထဲက တခုမို့...ငါမကြိုက်ရင် အသက်တောင် မရှူနဲ့..." ...