မနက်တိုင်းထနေကြဆိုတော့ ခြောက်နာရီလောက်ဆို ပုံမှန်နိုးနေကြ ။ ဆောင်းတွင်းထဲ ဝင်နေပြီဆိုတော့ နည်းနည်းတော့အေးလာသည် ။
ကျနော့လဲ အိပ်ယာက ထကာ မျက်နှာသစ်သွားတိုက်ပြီ ကိုစိုးယန်လေးနဲ့တေဇတို့အတွက် မနက်စာပြင်ရန်အတွက် ရွာထိပ်က ဒေါ်ပုဆီမှာ မုန့်ဟင်းခါးသွားဝယ်လိုက်တယ် ။ မနက်စာ အတွက် ဘာပြင်ရမှန်းမသိ၍ မုန့်ဟင်းခါးသာ ဝယ်လာခဲ့ခြင်းပင် ။ ကြိုက်ပါမလားမသိ...။
~
"အင်းးး"
စိုးယန်လေးတစ်ယောက် အိပ်ယာထက်တွင် လူးလိမ်ကာ အကြောများဆန့်လိုက်သည်။
"ဘယ်လိုကြီးလဲဟ"စိုးယန်လေးအိပ်ယာတွင် ပုံမှန်အိပ်ယာနှင့် မတူဘဲ အိပ်ရတာ တစိမျိုးကြီးဖြစ်နေ၍ မျက်လုံးများဖွင်လိုက်သည် ။
မြင်လိုက်ရသည်က ပုံမှန်မြင်နေကျ အဖြုရောင်မျက်နှာကျက်မဟုတ်ဘဲ ဓနိမိုးထားသည့် ခေါင်းမိုးဖြစ်သည်။
အသည်းအသန်းကျုံထကာ ဘေးပတ်ပတ်လည်း ဝှေ့ကြည်လိုက်တော့မှ သူသတိရတော့သည်။"ဟုတ်သားပဲ"
သူဟိုကောင်းလေးအိမ်ရောက်နေတာကို မေ့သွားတယ်"အကို နိုးနေပြီလား"
စိုးယန်လေး မိမိရှေ့တွင် ရောက်လာသော ကောင်းလေးကို ကြည်လိုက်သည်။ မျက်နှာမှာ သနက်ခါးလိမ်းထားသည်မှာ ကလေးတစ်ယောက်လိုပင်။ ပါးလေးနှစ်ဖက်တွင် အစက်ကလေးနှစ်ခုလို့ နှာတံကိုလည်း နဖူးနားကနေ နှာဖျာထိ ဆွဲကာ လိမ်းထားသည်။
*ဟင်းးတကယ်ကလေးပဲ*
စိုးယန်လေး စိတ်ထဲတွင်ပြောလိုက်ခြင်း"အင်း နိုးပြီ ညီ"
ကျနော့လဲအိပ်ယာက ထကာ ခြင်ထောင်တွေစောင်တွေသိမ်းလိုက်သည် ။ ကောင်းလေးကပါ ဝိုင်းသိမ်းပေးနေသည်။ ညကယူခဲ့သည့် အိပ်ခန်းအထဲတွင် သွားထားပြီ ပြန်ထွက်လာသော ကောင်းလေး ....။