တိမ်ဖြူတိမ်သားများအုံးမှိုင်းနေကာ မကြာခင်ပြိုတော့မဲ့မိုးလို့ တိမ်သားများအားညို့မှိုင်းနေသည်။
ထို့သည့်မှာ လူသားတစ်ယောက်ရဲ့ဝမ်းနည်းမူကို ပိုတိုးလာစေသယောင်။" ကျနော့ ဘယ်လိုဖြေသိမ့်ရမှာလဲ ဦးဖိုးရာ ခုကျနော့မိဘတွေမရှိတော့ဘူး ကျနော့ တစ်ယောက်ထဲ ဘယ်လိုနေသွားရမှာလဲ "
"မငိုပါနဲ့ ငါတူရာ ခုလိုမင်းငိုနေတော့ ထွက်သွားရတဲ့ မင်းမိဘတွေ ဘယ်လိုစိတ်ဖြောင့်မှာလဲ ငါတူ လူတိုင်းက တစ်နေ့မဟုတ် တစ်နေ့တော့ ဒီလိုပဲ ထွက်သွားရမှာ
ဦးဖိုးတို့လဲ ဒီလိုပဲ တစ်နေ့နေ့တော့ ထွက်သွားရမှာ ဒါသာဘာဝပဲ ပြောင်းလဲလိုရတဲ့အရာမဟုတ်ဘူးငါတူ မင်းခံစားချက်ကို ဦးဖိုးကိုယ်ချင်းစားပါတယ်ကွယ် .....။ မင်းမိဘတွေမရှိတော့ဘူးဆိုပေမဲ့ ဦးဖိုးတို့ရှိပါသေးတယ် ငါတူကို ဦးဖိုးတို့ စောင့်ရှောက်သွားမှာပါ ဘာမှစိတ်မပူနဲ့ ဟုတ်ပြီလား "ဦးဖိုး ကျနော့ကို နှစ်သိမ့်ပေးနေပေမဲ့ ကျနော့ရင်ထဲက ဝမ်းနည်းမူက ပျောက်မသွားပါဘူး။
ကျနော့ အရမ်းဘဲ ဝမ်းနည်းတယ်ဗျာ ဘာလို့ ခုလိုကြုံရတာလဲ ဘာလိုကျနော့မှလဲ ကျနော့ တွေးနေရင်းရင်ထဲကအရမ်နာကျင်လာတယ် မျက်ရည်များလည်း တားစီးမဲ့စွာစီးကျနေမိတယ်။
ဟုတ်ပါတယ် ကျနော့မိဘများ car accident ဖြစ်ပြီ ဆုံးသွားခြင်းပါ။ ကျနော့တို့က ဆင်းရဲတယ်ဗျ မိသားစု သုံးယောက်သားရှိသည်။ ခုကျနော့မိဘနစ်ပါးက မရှိတော့ဘူးဆိုတော့ ကျနော့....ကျနော့ တစ်ယောက်ထဲ ဘယ်လိုရှေ့ဆက်ပြီသွားရမှာလဲ
အုံးမှိုင်းနေသော ကောင်းကင်ကြီးကို အသက်မဲ့စွာ ကျနော့ ငေးကြည်နေမိသည်။
ငေးကြည်နေရင်း ဦးဖိုးက........။" ငါတူ ဘာမှအားမငယ်နဲ့နော် တေဇ နက်ဖြန်ရန်ကုန်က ပြန်လာရင် ငါတူနဲ့အတူ လာနေခိုင်းလိုက်မယ်
ငါတူလည်း အဖော်ရတာပေါ့ "