ကြယ်ကလေးတွေကပြောတယ်ဒီကမ္ဘာမှာသူတို့အလင်းလက်ဆုံးတဲ့
ကိုယ်ကမင်းရဲ့မျက်ဝန်းလောက်လင်းလက်ရဲ့လားလို့မေးတော့သူတို့တိတ်ဆိတ်သွားကြတယ်
ပန်းကလေးတွေကပြောတယ်သူတို့လောက်လှတဲ့သူမရှိဘူးတဲ့
ကိုယ်ကမင်းလောက်လှရဲ့လားမေးတော့သူတို့တိတ်ဆိတ်သွားကြတယ်
လေပြေလေးတွေကပြောတယ်ဒီကမ္ဘာမှာသူတို့ကအအေးချမ်းဆုံးတဲ့
ကိုယ်ကမင်းအပြုံးလောက် အေးချမ်းရဲ့လားလို့မေးတော့သူတို့ငိုကြတယ်