"ဝေ့ဝူရှန်းရဲ့ ကောင်းကင်ဆုလာဘ် (သို့)လန်ဝမ့်ကျီ"

11.3K 385 5
                                    

"ဝေ့ဝူရှန်းရဲ့ကောင်းကင်ဆုလာဘ် (သို့မဟုတ်) လန်ဝမ့်ကျီ"

(From Mo Dao Zu Shi )

ဝေ့ဝူရှန်း၏ဘဝကြမ္မာက ပမာဆိုရလျင်  ကံဆိုးမသွားရာ မိုးလိုက်လို့ရွာသကဲ့သို့
အဆိုးသာ ကပ်ငြိတတ်သည့် ကြမ္မာ…။

ဘဝတွင် အဦးဆုံး အမိအဖကို ဆုံးရှုံးလိုက်ရကာ လမ်းဘေး၌ ခက်ခဲကြမ်းတမ်းစွာ ကျင်လည်ခဲ့ရ၏။  အသက်တစ်ချောင်းရှင်သန်ဖို့ရာ ရုန်းကန်ခဲ့ရ၏။ ခွေးသတ္တဝါတွေနှင့်ပင် ရှင်သန်ဖို့ရာ ယှဉ်ပြိုင်ခဲ့ရသည်မို့
အရိုင်းအစိုင်းသတ္တဝါက သူ့ကိုရန်မူလာသည့်အခါ
ထိုသတ္တဝါကို သူအရိုးစွဲအောင် မှတ်၍ကြောက်ခဲ့ရလေ၏။

မိခင်၏အသိမိတ်ဆွေဟုဆိုလာသည့် ဂိုဏ်းကြီးသခင်က သူ့ကိုတယုတယ  ကိုယ်ပိုင်ကျန်းဂိုဏ်းသို့ ခေါ်ငင်လာသည့်အခါ ဒုတိယအိမ်ဟူသည့် ခံစားချက်ဖြင့် သူအမှန်ပင်စိတ်လှုပ်ရှားခဲ့ရရှာသည်။

သူ၏မိသားစုဝင်အသစ်များက ထင်သလောက်မဆိုး…။

မာထန်ထန်မျက်နှာထားနှင့် သခင်မကြီးက  သူလမ်းဘေး၌ကြီးပြင်းခဲ့ရစဉ်က ကိုယ်ချင်းစာမညှာတာတတ်သည့် မိန်းမကြီးတွေနှင့်ယှဉ်လျင် မဆိုးဟု ဝေ့ဝူရှန်းတွေးမိလိုက်၏။

သူ့ကို ဤသို့အရောက်ခေါ်လာသည့် ဂိုဏ်းသခင်ကမူ နဂိုမူလကိုက သဘောမနောကောင်းသူမို့ ပြောစရာမရှိ…။

ပြုံးနုနု မျက်နှာထားချိုလှသည့် အမအရွယ်မိန်းမငယ်သည်လည်း မနောဖြူမည့်သူမှန်း သိသာလှသည်။

သူရောက်လာကတည်းက မျက်နှာစူပုတ်နေသည့် ကောင်လေးကလည်း ထိုမျှမဆိုး…။မကြာခင် သူငယ်ချင်းကောင်းဖြစ်လာမည်ဟု ကြိုတွေးထားရင်း သူဝမ်းသာလာမိသည်။

ယွင်မုန့်၌ ဆယ်စုနှစ်စာတစ်ခုအထိ သူပျော်ရွှင်စွာ နေထိုင်ကြီးပြင်းခဲ့ရပါသည်။ သို့သော်  သူ၏ကံဆိုးက အမြဲတစေ ဂြိုလ်မွှေတတ်သည်မို့ ကျေးဇူးရှင် ယွင်မုန့်ကျန်းဂိုဏ်းက သူ့စနက်အရင်းပြု၍ ပျက်စီးခဲ့ရလေ၏။
ကျေးဇူးရှင်ဇနီးမောင်နှံသည်လည်း ဆိုးရွားသော သေခြင်းနှင့် အဆုံးသတ်ခဲ့ရသည်။

ကျန်းချန်မပြောစေခဲ့သည်ပဲထား
အရာရာက  ဝေ့ဝူရှန်းမည်သည့် သူ့စနက်ကြောင့်ဟု
သူခံစားမိပြီးသားသာလျင်…။

||Unrivaled Endearment||Where stories live. Discover now