Part-6
473 51 2
Zawgyi
Moonlight cafèတွင်-
"Luhan..."
Jun Myeonက Luhanကိုတွေ့သည်နှင့် နာမည်ခေါ်ကာ လက်လှမ်းပြလိုက်လေသည်။ Luhanလည်း လက်ပြန်ပြလိုက်ပြီးနောက် Junက Luhanထိုင်နေသော စားပွဲဝိုင်းသို့သွားလိုက်လေသည်။ ထို့နောက် ထိုင်ခုံတစ်ခုကိုယူကာ ထိုင်လိုက်လေသည်။
"ဒီကိုအလည်လာတာလား?"
Junက မေးလာတော့ Luhanက ခေါင်းငြိမ့်လေသည်။
"အင်း..ဟုတ်တယ်။ Hunလည်း သူ့မိဘတွေကို တွေ့ချင်တယ်ဆိုလို့လေ။"
"မင်းတို့နှစ်ယောက် အဆင်ပြေကြတယ်မလား?"
Luhanက ရယ်လိုက်လေသည်။
"ပြေတာပေါ့ကွာ။ မင်းရော... သင့်တော်တဲ့သူနဲ့ တွေ့နေပြီလား?"
Junကခေါင်းရမ်းသည်။
"မင်းသိရဲ့သားနဲ့ကွာ။ ငါအချစ်နဲ့ပတ်သတ်လာရင် ဘယ်လိုသဘောထားရှိတယ်ဆိုတာ မင်းသိပြီးသားပဲကို။"
Junစကားကိုကြားတော့ Luhanသက်ပြင်းချလိုက်လေသည်။
"မင်းစိတ်ကိုတော့ နားလည်ပါတယ်ကွာ။ ကိုယ်ချင်းလည်းစာတယ်ဆိုပေမယ့် မင်းဒီလိုကြီးတော့မနေသင့်ဘူး။ တစ်ယောက်တည်းနေရတာပိုအဆင်ပြေတယ် ဆိုပေမယ့် မင်းပုံစံကြီးက အရမ်းကိုဖိအားတွေများနေတဲ့ပုံလေ။ ပြီးတော့ မင်းက ဆွေမျိုးတွေလည်းရှိတာမဟုတ်ဘူး။ သူငယ်ချင်းတွေကလည်း အကုန်အဝေးမှာ။ ဒါတွေထားပါ။ ငါပြောချင်တာက မင်းဘဝအတွက် တစ်စုံတစ်ယောက်တော့ ရှိနေသင့်တယ်လို့ ငါထင်တာပဲ။"
"မလိုပါဘူးကွာ။"
သူပြောလိုက်တိုင်း Junဒီလိုပဲ ခါးသီးစွာငြင်းလေ့ရှိတာ Luhanသိသည်။ သို့သော် Junအကြောင်းတို့ကို သူအကုန်သိထားသည်မို့ အတင်းတွန်းအားမပေးရက်ပါ။
"မင်းသဘောပါပဲ။ ငါက စိုးရိမ်လို့ပြောတာ။ အလုပ်တွေလည်း အရမ်းလုပ်မနေနဲ့အုံး။"
"အင်း..ဒါနဲ့ ငါတို့ကျောင်းကိုသွားကြည့်ပြီးပြီလား? အများကြီးပြောင်းလဲသွားပြီ။"
ထို့နောက် သူတို့နှစ်ဦးသည် ရှေးဟောင်းနှောင်းဖြစ်များဆီသို့ စကားဦးလှည့်သွားကြလေသည်။