Part-7
449 40 0
Zawgyi
... ကျွန်တော်ရူးရူးမိုက်မိုက် ရှေ့ဆက်တိုးခွင့် ရှိမလား?...
ကုတင်ပေါ်တွင်လှဲနေရင်း YiXing တွေးနေမိလေသည်။ Junအပေါ်သူ့ခံစားချက်တွေကို သူထိန်းချုပ်မရနိုင်တော့။ နေ့စဉ်ရက်ဆက် Jun မျက်နှာလေးကိုသာ မျှော်ကြည့်ကာ Jun လိုအပ်သမျှ အရိပ်တကြည့်ကြည့်နှင့် လိုက်လုပ်ပေးခဲ့သည်မှာ တစ်နှစ်ပင်ကျော်ခဲ့ပြီမို့။ သို့ပေမယ့် Jun အခြေအနေက နည်းနည်းလေးပင်တိုးတက်မလာခဲ့။ အရင်လိုအထီးကျန်နေဆဲ။
Junကိုပျော်ရွှင်အောင် သူဘာလုပ်ပေးရမည်လဲသူနေ့တိုင်းညတိုင်းတွေးမိသော်လည်း သင့်တော်သောအဖြေက ထွက်မလာ။ ဒီလိုအချိန်မျိုးတွင် သူ့ခံစားချက်တို့ကို တစ်ကိုယ်ကောင်းဆန်စွာ ရှေ့တန်းတင်လို့မဖြစ်။ ရှေ့ဆက်တိုးမည့်အစီအစဉ်ကို သူပြန်ရုတ်သိမ်းလိုက်လေသည်။
သို့ပေမယ့် တစ်ခုရှိသည်က သူနှင့် Junသည် အတော်အတန်ရင်းနှီးနေပြီ။ Jun ကိုပျော်ရွှင်စေနိုင်မည့်အကြောင်းရင်းကို သူစုံစမ်းရမည်။
နောက်တစ်နေ့တွင်တော့ ထုံးစံအတိုင်း အလုပ်ပုံကြားနစ်နေသော Jun Myeonကို တွေ့ရလေသည်။ Jun Myeonသည် အလုပ်ကိုပိတ်ရက်မရှိလုပ်တာကြောင့် Xingလည်း နားရက်မရှိအလုပ်ဆင်းမိလျက်သားပင် ဖြစ်လို့နေသည်။ Xingစိတ်ပူမိသည်။ သူချစ်သော သူဌေးလေးဟာ တစ်နေ့မှာ အလုပ်ပိကာ တစ်ခုခုဖြစ်သွားမှာစိုးရိမ်သည်။
သူချစ်သော Jun အလုပ်လုပ်တာရပ်သွားဖို့ဘာမဆို သူလုပ်နိုင်ပါသည်။ သို့ပေမယ့် သူဘာလုပ်လို့လုပ်ရမည်မသိ။
Xingစဉ်းစားနေမိစဉ်မှာပဲ သူ့ရှေ့တွင် မိန်းမတစ်ယောက်လာရပ်လေသည်။ ထိုမိန်းမကို သူကြည့်လိုက်မိတော့ ထိုမိန်းမက သူ့ကိုမျက်စိတစ်ဖက်မှိတ်ပြလာလေသည်။ သူကြောင်သွားမိသည်။
ထိုမိန်းမသည် Junနှင့် အသက် ရွယ်တူလောက်ဖြစ်ပုံရသည်။ ထို့ပြင် ဝတ်ထားသော အဝတ်အစားတို့ကလည်း သသပ်ရပ်ကာ စမတ်ကျလွန်းနေသည်။ ရုပ်ကလည်းအတော်လှသည်။ ထိုမိန်းမက စကားစလာသည်။
''Jun Myeonနဲ့တွေ့ချင်လို့။ သူရုံးခန်းထဲရှိလား?''
ထိုစကားကြားလိုက်ရသည်နှင့် Xingရင်ထဲ နင့်ခနဲ။ Junကို ဒီလိုရင်းရင်းနှီးနှီးသုံးနှုန်းတာ ထိုမိန်းမတစ်ဦးသာရှိသည်။ Xingတွေးမိသည်။