Zawgyi
မနက်စောစော ကျောင်းကိုရောက်တော့ စာသင်ဆောင်က တံခါးမဖွင့်သေးတာနဲ့ ကန်တင်းမှာ ထိုင်နေလိုက်သည်။ ကန်တင်းမှာ မုန့်မှာ စားသောက်ရုံနဲ့ မပြီးသေး အတွေးတွေပါ နယ်ချဲ့မိသည်။ သြော်
ဘာလိုလိုနဲ့ ငါတောင် uniကျောင်းသား ဖြစ်ပြီပဲ ... stateကျောင်းမှာ Na Jaeminဆိုတဲ့ စောင်ချောကြီးငါ FAဖြစ်ခဲ့ပေမယ့် uniမှာတော့ ရည်းစားချောချောလေးတွေ ရှာတွဲဦးမှပါလေ ...Wait ခဏ ခဏ ... အတွေးတွေကို ရပ်ပြီး Selfieလေးဆွဲ 1st day of Uni ဆိုတဲ့ Captionလေးတပ်လို့ Postတင်ဦးမှပါ စောင်ချောကြီး ရူပါကို မြင်ရသူအပေါင်း မင်္ဂလာခညောင်းရအောင် ပြီးတော့ စောင်ချောကြီးကို ကြိတ်crushနေတဲ့ သူတွေ စောင်ချောကြီးပုံ saveပြီး တဝကြီး ထိုင်ကြည့်လို့ရအောင် ... ရူပဒါန ပြုလိုက်ဦးမှပါ ..
Selfieဆွဲ Captionရေး Postတင်ပြီးနောက် အချိန်ကြည့်တော့ အနည်းငယ်ကြာသွားပြီမို့ စာသင်ဆောင်ဖွင့်လောက်ပြီတွေးရင်း ကန်တင်းမှာ ပိုက်ဆံရှင်းကာ စာသင်ဆောင်သို့ ထပ်မံချီတက်ခဲ့လေသည်။ မကြာမီ အတန်းထဲသို့ရောက်လေသော် ....
အင်းပေါ့လေ 1st dayဆိုတော့လည်း
လူနည်းဦးမှာပေါ့ ... မကြာပါဘူး ... Oh my God ... 1st dayမှာ စာသင်တော့မယ်တဲ့လား? အင်းပါ အင်းပါ သင်ပေးတဲ့တီချယ် ဒါနမြောက်အောင် ဒီက စောင်ချောကြီးက မသင်ချင် လည်း ကြိတ်မှိတ်နေပြီး နားထောင် ပေးပါ့မယ်နော် ... စောင်ချောကြီးက တီချယ်တွေအပေါ် respect ရှိပါတယ်။အမယ်လေးလေး ခုနက respectဆိုတဲ့ စိတ်လေးရေ ဘယ်ဆီပျံသွားတာလဲဝေ။ ပြန်လာခဲ့ပါ ကလူ ကလူ ... အမယ်လေး တီချယ်ရယ် သင်လိုက်တဲ့ စာဆိုတာ ... ၂ချိန်ဆက်ဆိုလားဘဲ ... အံ့ရော ... သင်တော့ သင်သွားတာပဲ ဒါပေမယ့် ဘာတွေ သင်သွားမှန်း စောင်ချောကြီးက နားမလည်လိုက်ပါဘူး ...
ကဲပါ ဗိုက်ဆာတယ် ကန်တင်းဒိုးမယ် ဒါပဲ ... ပျော်လိုက်တာဟယ် ပျော်လိုက်တာ နေ့လည်ဘက် အတန်းချိန်တွေမရှိဘူးတဲ့ ဟဲ ဟဲ စောင်ချောကြီး ကြောင်ပတ်ပြီးဘူး အဲလေ ကျောင်းပတ်ပြီး ဗဟုသုတ ရှာပါတော့မယ် ခင်ဗျ ...

YOU ARE READING
Hyung's Baby Ko Ko [JaemRen]
FanfictionJaejun/Renmin Jaemin Renjun Jaemjun Mini-Fan Fiction Yaoi