Ep-1

1.7K 126 18
                                    

နေ့ဝင်ချိန်တောင်ကုန်းလေးပေါ်က စာသင်ကျောင်းလေးသည် မြင်သူတိုင်းကို ငေးမောကြည့်ရလောက်အောင် ကဗျာဆန်စွာ ဆွဲဆောင်လှပလျက် ရှိသည်..။

ကျောင်းဆင်းချိန်မို့ ကျောင်းရုံးခန်းလေးမှအပ
တစ်ကျောင်းလုံးက တိတ်ဆိတ်လို့..။

ထိုစဉ် တောင်ပတ်လမ်းလေးအတိုင်း မောင်းနှင်လာတဲ့ တောက်ပြောင်လွန်းတဲ့ ကားနက်ရောင် တစီး ..။

တစ်ဖြည်းဖြည်း ကျောင်းဝင်းမြေကွက်လပ်တွင် ရပ်နားလိုက်သောအခါ..။

" ဟိုမှာ မင်း ဦး ရောက်လာပြီ "

စားပွဲပေါ်က ကျန်ရှိနေသေးတဲ့ စာအုပ်အနည်းငယ်ကို ပုံးထဲသေချာထည့်ပြီး
အပြုံးတုံတုံနဲ့ အနားရောက်လာတဲ့ ဂျီမင်
လက်ထဲ စေ့စပ်ပွဲဖိတ်စာလေး ထည့်ပေးကာ
ကျောင်းရှေ့မြေကွက်လပ်တွင် ရပ်သွားတဲ့ကားနက်ရောင် လေးကိုယ်ပြုံးကြည့်လိုက်မိသည်..။

" ထယ်ယောင်း တို့များ ယောက်ကျာ်းရ ကံကောင်းလိုက်တာနော် မင်း ဦး က
ဘောစီဆို ဟုတ်လား "

" အဲဒါ ကြောင့်လည်း ထယ်ယောင်း ကိုအလုပ်မလုပ်ခိုင်းတော့တာလေ
ထယ်ယောင်း ယောက်ကျာ်း
ဖြစ်လာမဲ့သူက အရမ်းချမ်းသာတာ တဲ့ ဆိုလ်းမှာဆို သူ့လုပ်ငန်းတွေ ချည်းပဲတဲ့ "

ရုံးခန်းထဲတွင် ထယ်ယောင်းကို အရှေ့ထားပြီး တစ်ယောက်တစ်ပေါက် ပြောနေကြတဲ့ သူငယ်ချင်းမလေးတစ်ဖြစ်လဲ ဆရာမလေးနှစ်ယောက်ကို ကြည့်ကာ ထယ်ယောင်း ခေါင်းသာ ခါမိသည်..။

နံဘေး က ဂျီမင် က တော့ ဝမ်းနည်းဝမ်းသာ မျက်နှာနဲ့ ရပ်ကြည့်နေလျက်..။

အလုပ်ထွက်စာ လေးကို ကျောင်းအုပ်ကြီး စားပွဲပေါ် တင်လိုက်ပြီး သူငယ်ချင်းမလေး နှစ်ယောက်နား သွားကာ ဖိတ်စာလေးကို လက်ထဲကိုယ်စီ ထည့်ပေးလိုက်သည်..။

" မင်္ဂလာဖိတ်စာ ကတော့ ဂျီမင်နဲ့ထည့်ပေးလိုက်မယ် ဆက်ဆက်လာခဲ့ကြ
အတင်းပြောတာလေးတွေလည်း လျော့ကြ သိလား "

" ထယ်ယောင်း ဟီး ဟီး "

ငိုမျက်နှာလေးနဲ့ ပွေ့ဖက်လာကြတဲ့ သူငယ်ချင်းမလေး နှစ်ယောက်ကို ထယ်ယောင်းပြန်လည် ဖက်သွယ်လိုက်မိသည်..။

အချစ်ဆိုသည်မှာ..(VKOOK )Where stories live. Discover now