နှလုံးသားတိမ်တိုက်
💟☁💟☁💟☁💟☁💟☁💟☁💟☁
✡13✡Baek's pov
နံနက်ခင်းရဲ့နေရောင်ခြည်ကပြတင်းပေါက်လေးကဖြတ်ပြီးတော့ ကျွန်တော့်ရဲ့မျက်ဝန်းကို စူးရှအောင်တောက်ပနေပါတယ် ကျွန်တော်နိုးနေပေမဲ့ဆက်ပြိီး အိပ်နေချင်မိတယ်....
ဘာလို့လဲ?....
ကျွန်တော်နိုးထလာရင်ခံစားရမယ့် ခံစားချက်တွေကိုမခံစားချင်လို့ပါ နိုးထနေတဲ့အချိန်တွေမှာ သူ့ကိုသတိရနေမိမယ် သူ့ကိုတွေ့ချင်နေလိမ့်မယ် ကျွန်တော်သူ့ကိုမေ့နေနိုင်တဲ့အချိန် တစ်ခုတည်းသောအချိန်က အိပ်ပျော်နေတဲ့အချိန်အခိုက်အတန့်တစ်ခုတည်းပါ......
Soo:hyung နိုးနေပြီလား မနေ့ကဘာလို့အဲ့လောက်ထိသောက်ရတာလဲ hyungကအရက်မှသိပ်မသောက်နိုင်တာ သိရဲ့သားနဲ့ အခုထတော့ မျက်နှာသစ်တော့ အမူးပြေဟင်းရည်လုပ်ပေးထားတယ် မနက်စာတူတူစားတာပေါ့
Baek:soo ya....wae?yeolကငါ့ကိုဘာလို့ထားသွားတာလဲ.... ငါသူ့ကိုအရမ်းချစ်တာပါ..သူလည်းငါ့ကိုချစ်နေရဲ့နဲ့ ဘာလို့လဲ .....😞
Soo:hyung... သူ့ကိုမေ့လိုက်ပါတော့.... သူကhyungကိုတကယ်မချစ်လို့ထားသွားတာလေ.. သူ့ကိုမမေ့နိုင်ရင် hyungပဲထိခိုက်လိမ့်မယ်
Baek:ဟင့်အင်း...သူ့အတွက်သာဆို hyungနာကျင်ရလည်း ဆက်ချစ်နေချင်တယ်....hyungဒီလိုနေနေလို့မဖြစ်ဘူး yeolဆီသွားမယ် hyungသေချာတောင်းပန်ရင်သူစိတ်ပြောင်းသွားနိုင်ပါတယ်
Soo:hyung!!!!!စိတ်ထိန်းပါ သူ့ကိုမေ့လိုက်ပါတော့ ကျေးဇူးပြု ပြီး.....
Baek:omm hyungမသွားတော့ဘူး ဒါကြောင့်မငိုနဲ့တော့နော် soo hyungကြောင့်မျက်ရည်မကျပါနဲ့....hyungမျက်နှာသစ်ပြီးလာခဲ့မယ်
Soo:nae...မြန်မြန်လုပ်နော် hyung
Baekလည်းရေချိုးပြီး အလုပ်သွားဖို့ပြင်ဆင်ပြီးအောက်ထပ်ကိုဆင်းလာလိုက်တယ် မစားချင်ပေမဲ့ မစားရင်sooစိတ်မကောင်းဖြစ်မှာစိုးလို့ နည်းနည်းသာစားပြီး အလုပ်ကိုကားမောင်းလာခဲ့တယ်
ကားလမ်းသွားနေရင်း မီးပွိုင့်မိလို့ရပ်နေတုန်း ကားရှေ့မှာဖြတ်သွားတဲ့အတွဲလေးကို ကြည့်မိပြိး yeolကိုအရမ်းသတိရမိတယ်...
ကျွန်တော်တို့မှာအဲ့လိုပျော်ရွှင်ချိန်လေးတွေရှိခဲ့တာပဲ