Untitled Part 11

123 11 0
                                    


"၈၉ပါး လျှို့ဝှက်နတ်ကျမ်းက လောကသုံးပါးရဲ့ အစစ်အမှန် နတ်ဘုရားအဆင့်အောက်အထိကို နံပါတ်တစ် နတ်ဘုရား သိုင်းပညာပါ။"

အကျဉ်းချုပ်စာအုပ်မှာ ရေးသားထားတဲ့ စကားလုံးတွေကြောင့် နင်စိတ်ဝင်စားလို့ သွားခဲ့ပါပြီ။

လောကသုံးပါးမှာ နံပါတ်တစ်...။

လောကသုံးပါးရဲ့ နံပါတ်တစ် နတ်ဘုရားသိုင်းပညာဆိုပြီးတော့ ရဲရဲတင်းတင်း အာမခံ ပြောဆိုရဲတဲ့ နတ်ဘုရားသိုင်းပညာကို နင်အခုအချိန် မမြင်ဖူးဘူးလေ။ ကြယ်တာရာဖမ်း နတ်ဘုရားလက်သိုင်းနဲ့ဟုန်ယွိရဲ့ လေးအတတ်ပညာကျမ်းတောင်မှ နံပါတ်တစ်ဆိုပြီး မသတ်မှတ်ခဲ့ကြသေးဘူး။ ဒါပေမဲ့ ဒီ လောကသုံးပါးရဲ့ အစစ်အမှန်အောက်အဆင့် အထိကို နံပါတ်တစ် နတ်ဘုရားသိုင်းလို့ စာအုပ်အစမှာကတည်းက ညွှန်းဆိုထားခဲ့တယ်လား။

"၈၉ ပါး လျှို့ဝှက် နတ်ကျမ်းကို စက်ဝိုင်းကိုးခုဆန်းကျယ် နတ်သိုင်း ဒါမှမဟုတ် အသွင်ပြောင်းလဲခြင်း ၇၂ ပါးလို့လည်းခေါ်ကြသေးတယ်လေ။ ဒီနတ်ဘုရားသိုင်းပညာကိုကျင့်ကြံလိုက်မယ်ဆိုရင် ကိုယ့်ရဲ့ ဖင်းဂေါ့ ခန္ဓာကိုယ်ကို အပြည့်အ၀ ထိန်းချုပ်လို့ ရသွားလိမ့်မယ်။ ဒီကျင့်စဉ်ရဲ့ အခြေခံ အဆင့်မှာကတည်းကကို လောကရဲ့ ဘယ်အရာမဆို ဖြစ်ဖြစ် ပုံစံတူ အသွင်ပြောင်းလိုက်လို့ ရလာပြီလေ။ ဒါကြောင့်လည်း ဒီပညာရပ်ကို အသွင်ပြောင်းလဲခြင်း ၇၂ ပါးလို့ ခေါ်ဝေါ်ကြတာပါ။"

ဒီပညာရပ်ရဲ့ အသွင်ပြောင်းလဲခြင်း ၇၂ ပါးဟာ ပုံစံ ၇၂ မျိုးအထိသာ ပြောင်းလဲနိုင်လို့ သတ်မှတ်ခေါ်ဆိုတာ မဟုတ်ပဲ နာမည်အနေနဲ့သာ ပေးထားခြင်း ဖြစ်တယ်ဆိုတာကို နင်နားလည်ခဲ့ပါတယ်။ ဒီလို အသွင်ပြောင်းလဲခြင်း ၇၂ပါးက ပိုပြီးခေါ်ဆိုရ လွယ်ကူတယ်လေ။


"ဒီနတ်ဘုရားသိုင်းပညာက ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို မှော်၇တနာ တစ်ခုအလား မာကျောလာစေတယ်။ ဖျက်ဆီးလို့မရတဲ့ ဗာဂျရာကြီး ဖြစ်သွားတဲ့အထိကို ပြောင်းလဲလာမှာ။ ဒီကျင့်စဉ်ရဲ့ အထွတ်အထိပ်မှာတော့ ကျင့်ကြံသူကို သန့်စင်သောယန် မှော်ရတနာ ဖြစ်စေ မူလကြယ်တာရာ ၀ိဥာဉ် မှော်ရတနာနဲ့ ဖြစ်စေ ခုတ်ထစ်ရင်ကို ခံနိုင်ရည်ရှိလာလိမ့်မယ်။ အဲ့ဒီအခြေအနေမှာ ခုတ်ထစ်ခံလိုက်ရမယ်ဆိုရင် မီးပွားနည်းနည်းလောက်သာ ခတ်သွားခဲ့ရုံပဲရှိမှာ။ ခန္ဓာကိုယ်ဟာ ပွန်းပဲ့ဒဏ်ရာလေးတောင် ရသွားမှာ မဟုတ်ဘူး။"

စာဖတ်ရင်းနဲ့ နင်ရဲ့မျက်လုံးတွေ တဖြည်းဖြည်း နီရဲလို့ လာခဲ့ပါပြီ။ သန့်စင်သောယန်မှော်ရတနာနဲ့ မူလကြယ်တာရာ ၀ိဥာဉ်မှော်ရတနာကို အသုံးပြုပြီး ခုတ်ထစ်လိုက်ရင်တောင်မှ မီးပွားနည်းနည်းပဲ ခတ်လာမယ်လား..။ ဒါက တကယ့်ကို ရူးခါသွားစေလောက်တဲ့ အစွမ်းပဲလေ။

....

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ ( တာအို အပိုင်းတိုလေးများ)Where stories live. Discover now