"ဟျွန်းနီ နောက်ဆို ကျောင်းကို ကျွန်တော် လိုက်ပို့ပေးမယ်"
ဆေးရုံကဆင်းလာတော့ ပစ္စည်းတွေကို နေရာချရင်း
ပြောလာတဲ့စကား...
စနေပုံတော့ မတူ ဟွန်းနီအထက်တန်းကျောင်းနဲ့
သူ့တက္ကသိုလ်က တောင်နဲ့မြောက်..."အာဂူး ဟွန်းနီက စိတ်ပူနေတာလား စိတ်မပူပါနဲ့ ...အင့်"
ကုတင်မှာထိုင်နေတာမို့ သူ့နှာခေါင်းချွန်ချွန်လေးကို
အသာဆွဲတော့ ရင်ခွင်ထဲကို ဆွဲသွင်းလိုက်တဲ့ ဟွန်းနီ...."ဟွန်း...ဟွန်းနီ..."
"ကလေးလို မဆက်ဆံနဲ့ ကလေးမဟုတ်တော့ဘူး "
ပြောရင်းနဲ့ လည်ပင်းကို စတင်တိုက်ခိုက်လာတဲ့ ဟွန်းနီ...
"အင်...း...ဟွန်းနီ....အဲ့နားကို... မနမ်း...အာ့...
မစုပ်နဲ့ အရာထင်သွားမယ်....အင့်....""ကျွန်တော် အလုပ်သွားရဦးမယ် သုံးရက်ပဲခွင့်ယူထားတာ
ကျွန်တော်ပေးထားတဲ့ အရာကိုပြန်ကြည့်ပြီး ကျွန်တော်
ကလေးမဟုတ်တော့ဘူး ဆိုတာ မှန်ကြည့်တိုင်းသတိရပေးပါ
ဟျွန်းနီကို အပြည့်အဝစောင့်ရှောက်ပေးနိုင်တော့မှာ"ဟွန်းနီ အခု နောက်ပိုင်းထူးဆန်းလာတယ်....
ပရမ်းပတာ ခုန်နေတဲ့ ကျွန်တော့် နှလုံးသားက
ပိုထူးဆန်းတယ်....🌸B 🚫 R O M A N C E🌸
"ဟျွန်းနီ ကိုယ်ပြန်ရောက်... "
ဖိနပ်ချွတ်မှာ မြင်လိုက်ရတဲ့ အမျိုးသမီးစီးဖိနပ်တစ်ရံကြောင့်
စကားကို ဆုံးအောင်ပင်ဆက်မပြောနိုင် လွယ်အိတ်ကို
အဆင်ပြေရာနေရာတွင် ပစ်ချကာ ဝုန်းဒိုင်းကြဲ
ဝင်လာလိုက်တော့ hyeong က ထိုအမျိုးသမီး ချွဲမင်အာ
ဆိုတဲ့ အမျိုးသမီးကို တပါတ်တစ်ထည်လှမ်းပေးနေပြီး
နှစ်ယောက်လုံးက ရေချိုးပြီး ဝတ်တဲ့ ဝတ်စုံတွေနဲ့ ....."နှစ်ယောက်က အဲ့တာ ဘာလုပ်နေကြတာလဲ!!"
အပြစ်ရှိသလို တုန်တက်သွားတဲ့ ခန္ဓာကိုယ်လေးက
တိုနေတဲ့ စိတ်ကို မီးစာတင်နေသလို..."အိုဆယ်ဟွန်းရှီ ကျွန်မရှင်းပြ"
"ခင်ဗျား ဒီအိမ်ထဲက အမြန်ထွက်သွားတော့ "
YOU ARE READING
B🚫 R O M A N C E
Fanfictionကိုကြီးက ညီလေး တစ်ယောက်ကို ဂရုစိုက်သလို.... မဟုတ်ဘဲနဲ့......