"ဟွန်းနီ မင်း ဘာလုပ်နေတယ်ဆိုတာရော နားလည်ရဲ့လား
အိမ်ပြန်ရအောင်နော် ""တောင်းပန်ပါတယ် ဧည့်သည် အလုပ်ချိန်မို့ မှာထားတာတွေ
ခဏနေရပါ့မယ် ဒီဟာလေးကို ယူသွားပါ လာယူလို့ရရင်
မီးလင်းလာပါလိမ့်မယ်... "အလယ်တန်းနွေရာသီ ပိတ်ရက်ကစပြီး တစ်နေ့လုံး
အိမ်မကပ်တဲ့ ဆယ်ဟွန်းနီနောက်ကိုလိုက်ကြည့်တော့...
အသင်စား စားသောက်ဆိုင်(e.g Lotteria)မှာ
အချိန်ပိုင်း အလုပ်လုပ်နေတာကို တွေ့ရတယ်....ညဘက်ရောက်လာတာနဲ့အမျှ ဆိုင်ထဲမှာ
ကျွန်တော်အပါအဝင် လူတစ်ဦးစ နှစ်ဦးစပဲရှိတော့တယ်..."ဟွန်းနီ ဂရုစိုက်ပြန်နော် အမတို့အရင်ပြန်နှင့်ပြီ
အပင်ပန်းခံလိုက်ပါဦး...""ဟုတ် ကောင်းကောင်းပြန်ပါ..."
ဟင်....ပြုံးတယ်?
ဟွန်းနီက မျက်လုံးလေးကို
လခြမ်းကွေးလေးလို ဖြစ်သွားတဲ့ထိတောင်
ပြုံးလိုက်တာလား...?သူမဟုတ်တဲ့ တခြားသူတစ်ယောက်အတွက်လေ...?
ပြီးတော့ အေးစက်ပြီးလူကြီးဆန်လာတဲ့ သူ့ပုံစံက
ကျွန်တော် တစ်ယောက်တည်းကို ဆက်ဆံတဲ့ ပုံစံလား?"ထ....ပြန်မယ် ဟျွန်းနီ..."
"hyeongပါဆို....."
အရင်က ဟျွန်းနီhyeong လို့ ခေါ်ပြီး ကျွန်တော်မပါရင်
ဘာမှမလုပ်တတ်တဲ့ ဟွန်းနီက ကျွန်တော်မသိအောင်
အချိန်ပိုင်းခိုးလုပ်နေတဲ့အပြင် ဟျွန်းနီ လို့
မလေးစား (ကိုယ့်အမြင်) တဲ့ အခေါ်အဝေါ်က
အစားထိုးလာခဲ့တယ်.....အိမ်အပြန်လမ်းက ဆောင်းတွင်းလေတိုးသံရယ်
တစ်ချက်တစ်ချက် လမ်းမဘေးက ဖြတ်သွားတဲ့
ကားသံတစ်ချို့ ရဲ့ အသံကလွဲပြီး ငြိမ်သက်နေတယ်..."အား....အေးလိုက်တာ...!"
"......."
"........?!"
အေးလို့ ပွတ်တိုက်နေတဲ့ လက်နှစ်ဖက်ကို ဟွန်းနီက
သူ့လက်နဲ့ အုပ်ကိုင်ပြီး ဟွန်းနီရဲ့ အနွေးထည်အိတ်ကပ်
ထူထူထဲကိုထည့်လိုက်တယ်...အရင်က ကိုယ့်လက်ဖဝါးတစ်ဝက်တောင်မရှိတဲ့ ဟွန်းနီရဲ့
လက်လေးတွေက သူ့ရဲ့ လက်ကို
အုပ်ကိုင်နိုင်လောက်အောင် အရွယ်ရောက်နေပြီလား?"နောက်ဆို အနွေးထည်ထူထူဝတ် ဒီလောက်အေးနေတာကို
ဟျွန်းနီက အရူးလား?""မင်း ကိုယ့်အကို ကို အဲ့လို.....?!"
လျပ်တစ်ပြတ် နှုတ်ခမ်းကို တိုက်ခတ်လာတဲ့ ဟွန်းနီရဲ့
နှုတ်ခမ်းပါးပါးကြောင့် လန့်သွားပေမယ့်....
ပထမဆုံး မဟုတ်တော့တာကြောင့်
သိပ်တော့မလန့်ဖြစ်တော့....
ရင်ဘတ်ထဲ က အကောင်ခုန်တာကတော့ အနည်းငယ်
လန့်သွားတာကြောင့်ဖြစ်နိုင်သည်..."ဒီလို နမ်းတာတောင် ညီအကိုပဲလား?"
"ဒါပေါ့....သေချာပေါက် ဟွန်းနီနဲ့ က ညီအကိုတွေပေါ့...
အို ညီအကိုတွေ...""ဟင်း....ရူးလိုက်တာ....ဟျွန်းနီက...."
ဒီလိုနဲ့ ဟွန်းနီနဲ့ ကျွန်တော်ရဲ့ အိမ်ပြန်လမ်းက ပိုပြီး
တိတ်ဆိတ်သွားသလိုပဲ....ရင်ဘတ်ထဲက တဒိန်းဒိန်းနဲ့ ခုန်ပေါက်နေသံက
ပိုကျယ်လာသလို ခံစားရတယ်....ဟွန်းနီရဲ့ အင်္ကျီအိတ်ကပ်ထဲထည့်ထားတဲ့ကျွန်တော့်လက်ကို
ဟွန်းနီက လွတ်ထွက်သွားမည့်အလား ဆုပ်ကိုင်ထားတယ်...
🌸B 🚫 R O M A N C E 🌸
ŞİMDİ OKUDUĞUN
B🚫 R O M A N C E
Hayran Kurguကိုကြီးက ညီလေး တစ်ယောက်ကို ဂရုစိုက်သလို.... မဟုတ်ဘဲနဲ့......