EP 1 (Zawgyi)

786 81 12
                                    


Zawgyi

☘️ကံတရားဟာ မင်းနှလုံးသားကိုလူတွေအများကြီးနဲ့တွေ့ဆုံစေလိမ့်မယ် မင်းအတွက် စစ်မှန်တဲ့သူကိုတွေ့ဖို့က နှစ်တွေအကြာကြီးလည်းဖြစ်နိုင်သလို စက္ကန့်ပိုင်းလေးလည်းဖြစ်နိုင်တယ်
ဒါကြောင့်မင်းကိုယ်တိုင်မရွေးချယ်ပဲ မင်းနှလုံးသားကို ရွေးခွင့်ပေးပါ☘️

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
Chanyeolအား ညကြီးအချိန်မတော် ပုလင်းထောင်ရန်ခေါ်သော Jongdaeကြောင့် ညအချိန်ဖွင့်သော လမ်းဘေးကဆိုဂျူဆိုင်လေးတွင်ထိုင်ကာတစ်ကောင့်သားအားစောင့်နေမိသည် Jongdaeက သာမန်ဝန်ထမ်း အလုပ်များသူမို့ အချိန်က အမြဲလုနေရသည်
ထိုင်ရင်း မှာထားသော ပုလင်းတွေကိုငေးကြည့်ကာ ကိုယ့်ဘဝအကြောင်းစဉ်းစားမိသေးသည် ဒီလထဲမှာပင် Chanyeolအသက်က ၃ထိပ်စည်းပြောင်းတော့မည် Parkမိသားစု၏နာမည်ရှိ Luxury brandအရောင်းဆိုင် ကို ဆိုင်ခွဲကာ ဦးစီးနေသည်မို့ ဝင်ငွေကတော့ အတော်ဖြောင့်သည် မဖြောင့်တာက အချစ်ရေးဇာတာ ကိုယ့်ကပဲအရွေးလွန်သည်လား ကံကိုခေနေသည်လားမပြောတတ် တွဲမိသမျှသည် စိတ်ရှုပ်စရာလေးတွေ Dateမိသမျှကလည်း ကိုယ်နှင့်အသွားအလာ အပေါက်အလမ်းမတည့် ဒီလိုနဲ့ပဲ လူပျိုကြီးဘဝ အရိုးထုတ်ရမည်လားဆိုတော့ အင်း... ငယ်တော့ငယ်ပါသေးတယ်လေ ၃၀ဆိုတာ

" ဟေ့ Chanyeolလေး Chanyeolရေ ဖေ့သားကြီး"

ခုနစ်သံချီပြီး အော်ပြဲလာတဲ့ Jongdaeကို Chanyeolဂျိုတစ်ချက်ပစ်ပေးလိုက်သည်

"ဘာလဲကွာ လူမမြင်ရတာလည်း မဟုတ်ပဲ အနားရောက်မှခေါ်ပါလား"

"မနေ့က ကိစ္စမေးမလို့ပါကွာ phနဲ့ပြောရမှာအားမရလို့
Yujinနဲ့ဘယ်လိုလဲ

"မကြိုက်ဘူး လုံးဝပဲ

"ဘာ? မင်းက ဒီဘဝမှာ မိန်းမရရောရဦးမှာလား ဘယ်တစ်ယောက်နဲ့မှအဆင်ပြေမှာလဲ မိန်းမရစေချင်တဲ့ မင်းအမေအားမနာရင်တောင် ချိတ်ပေးနေတဲ့ ငါ့ကိုအားနာပါဦးဟ '

'ဟ ဒီလိုရှိတယ်ကွ တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်နေတုန်းကထိတော့ အဆင်ပြေတယ် နောက်တော့ငါ့ကိုမေးတယ်ကွာ အရင်က ကောင်မလေးတွေနဲ့အိပ်ဖူးလားတဲ့ ငါက မအိပ်ဖူးဘူးဆိုတော့ အဖြစ်မရှိလိုက်တာတဲ့ မင်းလည်းသိပါတယ် Yujinဆိုတာ အဆင့်အတန်းရှိတဲ့မိသားစုကမှန်း ငါလည်းအဲ့လိုထင်ခဲ့တာပဲ ပထမဆုံးတွေ့တဲ့ယောက်ျားတစ်ယောက်ကိုကွာ ဒီလိုစကားမျိုးမေးလာတော့ ငါဘယ်လိုများလက်ခံပေးရမှာလဲ'

Love In My 30Where stories live. Discover now