EP 3 (U+Z)

154 27 5
                                    

Unicode

တကယ်လို့များ စွဲလမ်းမှုနဲ့ ပိုင်ဆိုင်ချင်တဲ့အတ္တတွေရောပြီးဖြစ်လာခဲ့တဲ့ ခံစားချက်ကြားမှာ အချစ်ဆိုတဲ့စကားစုတစ်ခုက ဓားစာခံဖြစ်နေခဲ့ရင်....

Chanyeolမှာ Baekhyunအကြောင်းစကားနှိုက်ချင်ပါသော်လည်းမနေ့ညက ဆိုင်မှ အပြန် Oh sehunတစ်ယောက် မူးမှောက်နေ၍ ဘာမှမသိလိုက်ရ
ဒီနေ့လည်း ကိုယ်တော်အား ညနေစာကျွေးပါမည် အိမ်သို့ကြွခဲ့ပါဟု ပင့်ဖိတ်ထားသော်လည်း Ohsehunကချေမိုးကာ မလာနိုင်ဘူးဟု၍ အကြောင်းပြန်၏

Chanyeolမှာ တစ်နေကုန် ဆိုင်မှာအလုပ်ရှုပ်ကာ ပင်ပန်းသလိုရှိသည်မလို့ ရေချိုးရာတွင် အချိန်တော်တော်ယူမိသည် ပြန်ထွက်လာတော့ ညီတော်မောင် က ကုတင်ပေါ်တွင် ငုတ်တုတ်ကြီးရောက်နေသည် Chanyeolအဝတ်အစားဝတ်နေရင်း Sehunအားလှမ်းပြောသည်

''မလာဘူးဆို ?''

Phကြည့်နေသော Sehunက ခေါင်းပင်လှည့်မလာ
Chanyeolက မျက်စောင်းထိုးကာ

''ဟေ့ကောင် ဒီည လစ်ဦးမလား''

''တော်ပါပြီဗျာ မနက်က ထတာ ခေါင်းတစ်ခုလုံး ကြေမွနေသလိုပဲ Hyungဆီတောင် လာချင်တာမဟုတ်ဘူး JongInကတစ်ယောက်တည်းမလို့ လာအိပ်ပေးပါဆိုလို့ လမ်းကြုံလို့ ''

''မင်းတို့နှစ်ယောက်က သူငယ်ချင်းရောဟုတ်သေးလား မင်းပဲ သူ့ကိုကြိတ်ကြိုက်နေတာလား ငါခေါ်တော့ကျမလာဘူး''

''Hyung အဲ့လိုမစနဲ့ဗျာ သူ့အကျင့် Hyungလည်း သိသားနဲ့ တစ်ယောက်တည်းဆို ကြောက်တတ်တာကို ''

Chanyeolမှာ တခွီခွီနှင့်

''ထမင်းစားပြီးမှသွားလေ ''

''စားမှာ Jonginလည်း အိမ်ပြန်မရောက်သေးဘူး''

''အော်......ဒါနဲ့..Baekhyunအကြောင်းပြောမယ်ဆို ငါ့ကို''

Chanyeolမှာ သိချင်စိတ်က ရှေ့တန်းရောက်နေသော်လည်း ဟန်ကိုယ့်ဖို့က လုပ်ရသေးသည်

''အွန်း ပြောပြမယ် မေ့နေတာ''
Sehunက phကိုချကာ Chanyeolဆီ လှည့်လာသည်

''Baekhyun hyungကလေ ကျွန်တော်တို့တက္ကသိုလ်မှာ တော်တော် နာမည်ကြီးခဲ့တာဗျ ကျွန်တော် ပထမနှစ်စတက်တုန်းက Hyungတော်တော်လေးကို ချောတာ သူက
နောက်ဆုံးနှစ်လေ ''

You've reached the end of published parts.

⏰ Last updated: May 29, 2020 ⏰

Add this story to your Library to get notified about new parts!

Love In My 30Where stories live. Discover now