Unicode☘️အချစ်ကကိုယ့်ဆီအလိုလိုရောက်လာပင်မယ့်
အချစ်ရဲ့ပိုင်ရှင်ရှိရာဆီတော့ ကိုယ်ကပဲရောက်အောင်လှမ်းရတဲ့အခါမျိုးတွေ☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️
အချစ်ဟုမဆိုသာသေးသော အချစ်ကလေးအားတွေ့ပြီးနောက် အတွေးခေါင်ခိုက်နေသူChanyeolတစ်ယောက် ဆိုင်မှာထိုင်ကာ အလုပ်မရှိသလိုနှင့် ပျင်းရိနေပြီး ညဘက် မြန်မြန်ရောက်ဖို့ဆုတောင်းမိသည်
မနေ့ညကဆိုင်လေးဆီပြန်သွားကာ သူ့အားတွေ့ချင်သည်
သူ့ကိုယ်သူ အမှန်တကယ်ပင် ကံဇာတာတက်၍falling in loveဖြစ်သွားလားဟုပြန်ဆန်းစစ်ချင်သည်မှာလည်းပါသည်
အကယ်၍သူ့ဘက်ကသေချာဦးတော့ Baekhyunဆိုသောလူသားသည် သူနှင့်ပတ်သက်သမျှ ဘာမှမသိသောသူ သူငယ်ချင်းဖြစ်လာဖို့တော့ မခက်ခဲပေမယ့် ယောက်ျားတစ်ယောက်ကို ပြန်စိတ်ဝင်စားလာဖို့ဆိုတာတော့ ဖြစ်နိုင်ချေတော်တော်မရှိ ထိုအစား ParkChanyeolသာတစ်သက်လုံးလူပျိုကြီးဖြစ်သွားလိမ့်မည်
တိုက်စစ်ဘယ်လိုစဆင်ရမလဲစဉ်းစားရင်း ဖင်ကုပ်ခေါင်းကုပ်နှင့် Chanyeolတော်တော်ကို ဂဏာမငြိမ်ဖြစ်နေရသည် ထိုအခိုက်"Can i be your boyfriend ..Can i.......''
ဖုန်းဝင်လာ၍ကြည့်လိုက်မိတော့ ချစ်လှစွာသော ညီတော်လေ
"Sehun ပြော "
"Hyung အခုဘယ်မှာလဲ "
"ဆိုင်မှာပေါ့"
"မနေ့ညကပွဲမကြည့်ဘူးလား hyung ရှုံးတယ်လေ အဟဲ တစ်ဝိုင်းလေ အဟဲ"
"အော် အေး ရှုံးသွားတာလား ကျွေးမယ်ကွာ ည8နာရီကျ ငါ့အိမ်လာခဲ့ အရည်ပါဖြည့်ပေးမယ်"
"OKနော် 8နာရီ deal!!""
Sehunဖုန်းချသွားတော့မှ အကြံဆိုးကြီးနှင့် Chanyeolမျက်နှာကြီးက ပြုံးဖြီးကာကျန်ခဲ့သည် မနေ့က Jongdaeနှင့်တွေ့နေရ၍ Sehunနှင့်ဘောလုံးပွဲလောင်းတာ မကြည့်ဖြစ်လိုက် ရှုံးတဲ့သူက
ညစာကျွေးဖို့ကတိပေးထားသည် အကြွေးရှင်လေးကတော့ဆိုင်ကြီးဆိုင်ကောင်းကို စိတ်ကူးယဉ်နေလောက်ပြီထင်ပါရဲ့
Chanyeolကတော့သူ့ရဲ့ရင်ခုန်သံလေးကိုမွေးဖွားပေးရာ
အဒေါ်ကြီးရဲ့မိုးကာတဲလေးအောက်ကဆိုင်လေးကိုသာသွားဖို့ဆုံးဖြတ်ထားသည် အကုန်အကျလည်းသက်သာ အဖော်လည်းရ သူလည်းသူ့အသေးလေးကိုတွေ့ရတာပေါ့ သွားဖြဲကြီးနှင့် သူ့ဟာသူပျော်နေတာ ဆိုင်ကဝန်ထမ်းတွေကတော့ သူတို့bossကျပ်မပြည့်တော့တာလားလို့ပင်ထင်ချင်စရာ
YOU ARE READING
Love In My 30
Romanceတည်ငြိမ်ရင့်ကျက်သင့်တဲ့အရွယ်တစ်ခုမှာ ချိုမြိန်တဲ့အချစ်ကိုဖန်တီးကြတဲ့အခါ