1

18.3K 979 39
                                    

((Zawgyi))

အိမ်မှာ အလကားထိုင်နေမဲ့အတူ ဗဟုသုတလေးဘာလေးရအောင်
ဟိုပွတ်ဒီပွတ်နဲ့ ဖုန်းသုံးနေချိန်
သူငယ်ချင်းig acc ကနေ သူငယ်ချင်းအများအပြားနှင့် ကိုယ့်ကိုပါ Tag တွဲပီး တင်ထားတဲ့ postတစ်ခု..
Wedding အကြောင်းပင်.. ။

တက္ကသိုလ်တုန်းက သူငယ်ချင်းအဖွဲ့ထဲက နှစ်ယောက်ပေါ့
စံပြကျောင်းသားနဲ့ ကျောင်းသူပင်..
ဘယ်လိုက ဘယ်လိုဖြစ်သွားကြလဲ မသိ

လိုက်မဖိတ်နိုင်တော့လို့ IG မှာ Tag တွဲပီး ဖိတ်တယ်လို့
အံသြတယ်...တကယ်
ဖိတ်စာဖိုးကပ်စီးနှဲတာဖြစ်ရမယ် 😒

ဟိုတလောကလည်း.. သူငယ်ချင်းနှစ်ယောက် မင်္ဂလာဆောင်သွားကြသေးတယ်
သူတို့ပဲ မင်္ဂလာကံပါပြီး ကိုယ်ပဲမပါတာလာတော့မသိ
အခုထိ လက်ထပ်ဖို့မပြောနဲ့ တွဲမဲ့မိန်းကလေး တစ်ယောက်တစ်လေ မရှိတဲ့ဘဝ
ချိန်လိုက်တဲ့ မိန်းကလေးတိုင်း ပါသွားကြတာပေ..
အဲ့ဒါတွေကြောင့် အခုထက်ထိ ကျွန်တော် byunbaekhyunee လေး လူပျိုလေးဖြစ်နေတာပေါ့

သူများတွေလက်ထပ်ပြီး ကလေးသုံးလေးယောက်နဲ့ ဘဝကို ခက်ခက်ခဲခဲနေထိုင်နေရတဲ့အချိန် ကျွန်တော်ကတော့
ကိုယ့်အတွက် ကိုယ်ရှာ သုံးပဲ
ကဲ... ဘယ်လောက်အေးချမ်းလဲ ..မဟုတ်ဘူးလား

အမှန်ကား လက်ထပ်ဖို့ လူမရှိတာကြောင့် ဟန်ကိုယ့်ဖို့ခြင်းသာ 😪

သူငယ်ချင်းတွေ့ဆုံပွဲရှိလို့ သွားတိုင်းလည်း
သူတို့ ကျွန်တော့်အား အမြဲမေးသည်။

ဘယ်တော့လက်ထပ်မှာလဲ
ဘယ်တော့ စားရမှာလဲ
အခုထိ မစွံသေးဘူးလား... နဲ့

ကျွန်တော့်အမေတောင် ကျွန်တော့်လက်ထပ်ခြင်းကိစ္စကို သူတို့လောက် စိတ်မဝင်စားတာအမှန်..

သူတို့ပဲ လူတွေ့တိုင်းမေးနေတာ
ဒီကောင်တွေ အဲ့လောက် ငတ်ကြီး ကြနေမယ်မှန်း မသိခဲ့

အသက် ၂၉ နှစ်ရောက်နေတာပဲ
၃၀ ကျော်ရင် လက်မထပ်ရတော့ဘူးလို့ အမိန့်ချထားတဲ့ သူတစ်ယောက်မှမရှိ..
ဖူးစားရှင်မှ ပေါ်မလာသေးတာ တွေ့တဲ့သူနဲ့ကောက်ယူရမှာကျနေ.

အခုလည်း နောက်အပတ်နေရင် လုပ်မဲ့ မင်္ဂလာပွဲ သွားရဦးမယ်
မသွားလို့လည်း မကောင်း
ကျောင်းထဲက ခင်မင်ခဲ့တဲ့ ဆက်ဆံရေးတွေကြောင့်...
အလကား.. လက်ဖွဲ့ငွေ ထွက်ဦးမယ်...

Start from the One Night False (Completed)Where stories live. Discover now