3

10.6K 923 53
                                    

((Zawgyi))

3 years Later,

အခန်းထဲမှာ ထိုင်နေပြီး chanyeol ခေါင်းမီးတောက်နေပြီ
အတတ်နိုင်ဆုံး လေသံကိုထိန်းပြီး..

”အခုထိ မတွေ့သေးဘူးလား ”

”တောင်းပန်ပါတယ် သူဌေး
နာမည်အပြင် ကျန်တဲ့ဟာလည်း မသိတော့ ...
နောက်ပြီး နာမည်မှာ မျိုးရိုးတောင် မသိတာဆိုတော့
နည်းနည်း ကြန့်ကြာနေတာပါ ”

”ဘာ...နည်းနည်း
သုံးနှစ်က နည်းနည်းလား!!! ”

အခန်းထဲက ထွက်လာတဲ့ သူဌေးအော်သံအကျယ်ကြီးကြောင့် အပြင်က အတွင်းရေးမူးကင်မှာ လန့်ဖြတ်သွားတာ မနက်စာအဖြစ်စားနေတဲ့ မုန့်တောင် လွတ်ကျချင်ချင်... ။

အထဲက လူဆို ပြောစရာ မလိုတော့ (╯_╰)

ခဏကြာတော့ နားကို ကိုင်ပြီး အထဲကလူ ပြန်ထွက်လာလေရဲ့...။

%*%*%*%*%*S.F.T.O.N.F %*%*%*%*%

Baekhyun လက်ထဲက ပိုက်ဆံအနည်းငယ်ကို ကြည့်ပြီး စိတ်ဓာတ်က အောက်ကို ထိုးစိုက်နေပြီ... ။

ဒီလထဲမှာပင် လုပ်နေတဲ့ အလုပ်တွေ ပြုတ်တာ သုံးခါတိတိ.. ။
ဘယ်နဲ့ကြောင့် အဲ့လောက် ကံခေနေပါလိမ့် ဟူးးးးး

အသက်ပဲ 30 ကျော်နေပြီ
အမေစီကလည်းလက်ဖြန့်မတောင်းချင်ပါ.. ။

ဒီနေ့လည်း အလုပ်ထွက်ရှာတာ သင့်တော်မဲ့ အလုပ် တစ်ခုမှ တွေ့မလာ..

သက်ပြင်း အကြီးကြီး တစ်ချက်ချပြီး... အိပ်ခန်းထဲပဲ ဝင်လာလိုက်တော့တယ်

အကျီလဲဖို့ ဘီဒိုအသေးလေးကို ဖွင့်တော့
ဘာရယ်မဟုတ် မျက်လုံးက ဘီဒိုအောက်က ဘူးလေးစီ

အဲ့ဘူးလေးကို ထုတ်ယူလာပြီး ကုတင်ပေါ် တပလ္လင်ခွေ ဝင်ထိုင်ပြီး ဘူးကို ဖွင့်လိုက်တော့
သေသေချာချာ ခေါက်ထားတဲ့ အကျီ မိုးပြာရောင်နဲ့ ဘောင်းဘီ ရှည်အမဲ

ထုတ်ပြီး ဖြန့်ကြည့်လိုက်တော့ ကြည့်ရုံနဲ့တင် သူနဲ့ ကြီးနေဟန်ရှိသော အကျီ

အမှန်ပဲ ဒါ သူ့ ဝတ်စုံတွေ မဟုတ်ပါ
လွန်ခဲ့တဲ့ သုံးနှစ် ဂျယ်ဂျူ မှာ ဘယ်သူမှန်းမသိတဲ့သူနဲ့ မှားခဲ့တဲ့ည
မနက်နိုးလာတော့ နှစ်ယောက်လုံး အဝတ်မပါ ဘာမပါ နဲ့ အိပ်နေကြတာ...

Start from the One Night False (Completed)Where stories live. Discover now