Extra 2

7.2K 617 68
                                    

((Zawgyi))

မနက်မိုးလင်းပြီဆိုတာကို မျက်လုံးမဖွင့်ဘဲ အလိုအလျောက် သိလိုက်သည်။

အိပ်ချင်စိတ်က ကြီးစိုးနေသေးတာမလို့ မျက်လုံးတွေက မဖွင့်နိုင်သေး..။
ဘေးက နေရာကို လက်နဲ့ လှမ်းစမ်းတော့ ဘာမှရှိမနေဘဲ အေးစက်စက် အထိအတွေ့ သာ ခံစားလိုက်ရသည်။

အွန်.. အိပ်ချင်စိတ်တောင် ဘယ်နားရောက်သွားလဲမသိ..

”ကိုကို မရှိတော့ဘူး ”

မျက်လုံးတွေက အလိုအလျောက် စစ်စတန် နဲ့ ပြူးကျယ်လာပြီး ငုတ်တုတ် ထထိုင်ရတော့သည်။

ဘေးဘီဝဲကြည့်လိုက်၏ ။
ထိုတော့မှ.. မိမိ အိပ်နေသည်မှာ.. ကုတင်ပေါ် ဟုတ်မနေဘဲ.. ကြမ်းပြင်ဆိုတာ သိလိုက်သည်။

😐

သနားစရာ မိမိဘဝ..
စောင်တောင် ရှိမနေ...

ကုတင်ပေါ် မော့ကြည့်လိုက်တော့.. စောင်နဲ့ သူ့တစ်ကိုယ်လုံးပတ်ထားပြီး နှစ်နှစ်ခြိုက်ခြိက် အိပ်နေဟန်ရှိတဲ့ မိမိခင်ပွန်းသည်

ဂါးးးးး ဘေးနားမှာ အိပ်နေတဲ့ ယောကျာ်းတစ်ယောက်လုံး ပြုတ်ကျနေတာကို မသိဘူးတဲ့
ပြောတော့ ချစ်လိုက်တာ.. ကမ္ဘာပေါ်မှာ သူပဲ အချစ်တတ်ဆုံးလို...

ပြုတ်ကျနေတာ တစ်ချက်တောင် မသိဘူး အံ့ပါ

ဒါလား ချစ်တာ

အခုမှ ပြုတ်ကျတဲ့ အရှိန်အရထင်တယ်.. ဖင်နာလာပြီ

အကျင့်မကောင်းတဲ့လူကြီး

နာနေတဲ့ ဖင်လေးကို ပွတ်ပြီး ကုတင်ပေါ်ပြန်တက်အိပ်ဖို့ ပြင်လိုက်သည်။
ဒါပေမဲ့ ဒီတိုင်းတော့ မကျေနပ်နိုင်.. ။
ကုတင်ပေါ်က စက်တော်ခေါ်နေသေးတဲ့ လူကြီးကို မျက်စောင်းနဲ့ ကြည့်ပြီး
မကောင်းတဲ့အငွေ့အသက်ပါတဲ့ အပြုံးကြီးပြုံးကာ

လက်မောင်းအားနဲ့.. တွန်းချပစ်လိုက်သည်။

ခံစမ်း parkchanyeol ဘယ်နယ့်ရှိစ ><

အားး ဆိုတဲ့အသံကျယ်ကြီး ကြားလိုက်ရတာနဲ့..ခပ်မြန်မြန်ပဲ သူ့ဘက်ကို လှည့်မကြည့်ဘဲ ဘေးတစ်စောင်းပြန်လှဲ အိပ်ပစ်လိုက်သည်။

Start from the One Night False (Completed)Donde viven las historias. Descúbrelo ahora