Part 5

1.1K 70 0
                                    

(Part - 5)

Sing - ဟာ P'Off ဘယ်တုန်းကရောက်နေတာလဲ 😊😊😊

Off - ခုနကပဲ ရောက်တာ ဒီရောက်တုန်း အရမ်းအံ့သြစရာကောင်းတဲ့ မြင်ကွင်းတခုကိုမြင်လိုက်ရလို့ မင်းကိုမေးမလို့ထိုင်စောင့်နေတာ

Sing - P'ကဘာတွေများ မြင်လိုက်မိလို့ အံ့သြသွားရတာလဲ 🙂

Off - မင်းဘယ်တုန်းကမှ လူတစ်ယောက်အတွက် အစားအသောက်ဝယ်ပေးတာ ငါမမြင်ဖူးဘူး ရန်သူတယောက်ကိုခုလိုဆက်ဆံတာ

Sing - P'Offဘာပြောချင်တာလဲ ကျွန်တော့်ကိုပွင့်²လင်း²ပြောပါ

Off - ကောင်းပြီလေ မင်းကိုတည့်ပဲမေးတော့မယ် မင်းခုရောက်တဲ့ ရဲအရာရှိလေးကို ဆက်ဆံတဲ့ပုံစံမျိုးက ငါဘယ်သူနဲ့မှမတွေ့ဖူးဘူး 😉😉 မဟုတ်မှလွဲရော မင်းသူ့ကိုသဘောကျသွားတာလားSing

Sing - ဟာ P'Offက အဓိပ္ပာယ်မရှိတဲ့မေးခွန်းတွေမေးနေတယ်
ဘယ်လိုလုပ်ပြီးသဘောကျမှာလဲ ကျွန်တော်ကလူဆိုး သူကရဲရာရှိ
ပြီးတော့ P'Off မြင်ခဲ့သလိုမဟုတ်ဘူး ကျွန်တော်သူ့အပေါ် အခုလိုဆက်ဆံတာကလဲ သူ့ပုံစံကလဲ ကျွန်တော့်ကိုအရမ်းကြောက်နေလို့

Off - အဲ့တာနဲ့ပဲ မင်းကိုမကြောက်အောင် ခုလိုလုပ်ပေးတယ်ဆိုပါတော့ 😆😆 Sing မင်းခုလိုမျိုးမသေမသပ်လိမ်တာမကြုံဖူးဘူး

Sing - တော်ပြီဗျာ P'Off ပြန်တော့ ဘာတွေလာမေးမှန်းမသိဘူး

ကျွန်တော်ဘာပြန်ပြောရမှန်းမသိတာနဲ့ P'Off ကိုပြန်လွှတ်လိုက်တယ် ကျွန်တော်တကယ်ပဲP'Offပြောသလို...😅😅 မဖြစ်နိုင်ပါဘူးး ကျွန်တော်သူ့ကို လက်နက်ထားတဲ့နေရာသိချင်လို့ဖြစ်မှာပါ

Sing - ချာတိတ် မင်းအခုချိန်ထိငါ့ကိုမပြောပြသေးဘူးနော် အေး ရတယ် မင်းမပြောပြဘူးဆိုရင်မင်းနဲ့မင်းအစ်ကိုကို မလွှတ်ပေးဘူး

Kit - ဗျာ ဒါဆိုခင်ဗျား ခုထိအစ်ကို့ကိုဖမ်းထားသေးတာပေါ့ ခင်ဗျား
နော် ကျွန်တော့်အကိုတခုခုဖြစ်လို့ကတော့ ခင်ဗျားကိုခွင့်မလွှတ်ဘူး

Sing - အာ့ကြောင့် မင်းကိုငါပြောနေတာပဲလေ မင်းတို့ဌာနချုပ်ရဲ့ ဘယ်နေရာမှာလက်နက်တွေသိမ်းထားလဲလို့မေးတာ မင်းမှမဖြေပဲ

အချစ်စစ်ရဲ့အရှင်သခင်Where stories live. Discover now