Part 30

874 70 2
                                    

(Part - 30)

Sing - အားလုံးပြင်ဆင်ပြီးသွားပြီလား ကိုကို့ကလေးလေးက အရမ်းချစ်စရာကောင်းတာပဲ ဒါကြောင့်ကိုကိုက အရမ်းချစ်မိနေတာ😘

Kit - ကိုကို 😒 ဘာလို့လာနမ်းနေတာလဲ တစ်ယောက်ယောက်ဝင်လာရင် ရှက်စရာကြီး ခဏနေကျရင်စေ့စပ်ပွဲကျင်းပတော့မှာ 😏

Sing - စေ့စပ်ပွဲကျင်းပတာက လိုသေးတယ် ကိုကို့ချစ်သူလေးကို ကိုကိုက မစောင့်နိုင်တော့ဘူး အရမ်းချစ်ဖို့ကောင်းနေတော့ နမ်းမိတာပေါ့😄 တကယ်ကျေးဇူးတင်ပါတယ် ကလေးလေး ကိုကို့ကိုအရင်လူဆိုးခေါင်းဆောင်ဘဝထဲက ကူညီပြီးချစ်ခဲ့တဲ့အပြင် ခုချိန်ထိလက်တွဲမဖြုတ်ဘဲ ကိုကို့အနားမှာနေပေးတဲ့အတွက် 😘 ကိုကို့ကိုလက်တွဲတဲ့အတွက်😘 ကိုကို့အပေါ်အရမ်းချစ်ပေးခဲ့တဲ့အတွက်😘

Kit - ကျွန်တော်လဲ ကိုကို့ကို တကယ်ကျေးဇူးတင်ပြီးအရမ်းချစ်တယ် ဘာပြဿနာတွေနဲ့ ရင်ဆိုင်ရပါစေ ကျွန်တော့်ကို ခွန်အားတွေပေးလို့ ကိုကို့အချစ်တွေနဲ့ ဘာပြဿနာမဆိုရင်ဆိုင်ရဲတယ် 😘😘

Sing - ကလေးလေး တကယ်လို့အချိန်တွေသာ ပြန်နောက်ဆုတ်လို့ အဲ့အချိန်မှာ P'Off နဲ့ Max သာ လာမကယ်ရင် ကလေးလေး ဘယ်လိုဆုံးဖြတ်ချက်ချမလဲ ကိုကို့ ကို လား P'Gun ကို လား

Kit - တကယ်လို့ အချိန်တွေသာပြန်နောက်ဆုတ်ပြီး အဲ့အချိန်ပြန်ရောက်သွားရင် ကျွန်တော်သေရင်သေသွားပါစေ ဘယ်တော့မှ ကိုကို့ ကို မပစ်ဘူး ဘာလို့လဲဆိုတော့ ကျွန်တော်က လူသေရမှာ မကြောက်ဘူး နှလုံးသားသေရမှာ အရမ်းကြောက်တယ် ကိုကိုသေသွါးရင် ကျွန်တော်သေသွားတာနဲ့ အတူတူပဲ တကယ်လို့ ကျွန်တော်သေသွားခဲ့ရင်လဲ...ကျွန်တော်ယုံကြည်တယ် ကိုကိုလဲ မကြာခင် ကျွန်တော့်ဆီ လိုက်လာခဲ့မှာပေါ့ ကိုကိုကသိပ်ချစ်တယ်ဆိုတာ သိနေလို့ပဲ

Sing - သိပ်သေချာတာပေါ့ ကလေးလေးရာ ကိုကိုနဲ့ကလေးလေးဆိုတာ သေအတူရှင်မကွာ သက်ဆုံးတိုင်ချစ်ကြမဲ့ အချစ်ဆုံးချစ်သူ
တွေပဲ ကိုကိုမရှိရင် ကလေးလေးမနေချင်သလို ကလေးလေးမရှိတဲ့ဘဝမှာလဲ ကိုကို ဘယ်တော့မှတယောက်ထဲမနေဘူး ကလေးလေး

Kit Pov:        :

ကိုကိုက မျက်ရည်တွေနဲ့အတူ ကျွန်တော့်နူတ်ခမ်းလေးကို လာနမ်းတယ် ကိုကို့မျက်ရည်တွေနဲ့အနမ်းမှာ ကိုကို့ရင်ထဲကစကားတွေ အများကြီးပါတယ် ကိုကိုနဲ့ကျွန်တော်စကားတစ်ခွန်းမှ မပြောဘဲ နမ်းနေပေမဲ့ ကိုကို့ရင်ထဲကစကားသံတွေကို ကျွန်တော်အသေအချာကြားနေသလို ကျွန်တော့်နှလုံးသားထဲက စကားလဲ ကိုကိုကြားမှာပါ

အချစ်စစ်ရဲ့အရှင်သခင်Where stories live. Discover now