#Minseokkie
အမေတခု သားတခု ဘဝလေး
ဖခင်ဆုံးပါးသွားပြီးမှာ စီးပွားရေးပါပျက်ပြီး အကြွေးတွေတင်ခဲ့တယ်။
မိခင်ဟာလည်း ထိုစိတ်ကြောင့် အိပ်ရာထဲလဲနေခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပီ
ကျောင်းကတဖက် စားဝတ်နေရေးကတဖက်နဲ့ အချိန်ပြည့်ရတဲ့အလုပ်လေးလုပ်ကာ မိခင်ဆေးဖိုးလေးသုံးနေရရှာတဲ့ ကောင်လေးတယောက်
လူတကာကိုဖော်ရွေစွာဆက်ဆံတတ်ပြီး လူတိုင်းကချစ်မြတ်နိုးကျလို့ အလုပ်ပိုင်ရှင်တိုင်းကသဘောကျလေသည်။
ဒီနေ့လစာထုတ်ရက်လေးမို့ အမေတွက် လိုအပ်တဲ့ဆေးလေးဝယ်ပြီး ဆိုင်ကလှည့်အထွက်
ကျွီ.........
Dae >> အာ့
ဘေးကလူတွေရဲ့တယောက်တပေါက်ပြောသံတွေကြောင့် ကားထဲမှာလူထွက်လာကာ
Yeol >> ရော့ မင်းအတွက်ဆေးဖိုး
ပိုက်ဆံတအုပ်က်ုပြစ်ချလို့ မတောင်းပန်ပဲ အထက်ကလာပြောတဲ့သူ့ကို ပြန်ပြောဖို့ရာ မော့ကြည့်လိုက်တော့
ချောလိုက်တာ လူတယောက်က အဲ့လောက်ပြည့်စုံနေတာလား
စွဲဆောင်မှုရှိတဲ့ အသံခပ်သြသြရယ်
မင်းသားတပါးအလား ကြည့်ကောင်းတဲ့ အရပ်မောင်းနဲ့ ရုပ်ရည်သွင်ပြင်
Dae >> နာမည် ဘယ်လိုခေါ်လဲဟင်
အိမ်နဲ့ပြသာနာတက်လာလို့စိတ်ညစ်နေပါတယ်ဆို ကားတိုက်မှုကဖြစ်နေသေးတယ်
ပတ်ဝန်းကျင်ကလူအချို့ကြောင့် ဒီတိုင်းထွက်သွားဖို့လုပ်ရာက နေ ကားထဲကထွက်ပြီးလျော်ကြေးပေးလိုက်ပါတယ်
အထူးဆန်း စကားကြောင့် Chanyeol တိုက်မိတဲ့လူကိုငုံ့ကြည့်မိတော့
ကောင်လေးတယောက်
သူ့ကိုအထူးဆန်းလိုကြည့်နေတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေ